DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးရန် ပုသိမ်တွင် သတင်းသမားများ ဆန္ဒပြ
DVB
·
February 11, 2018
ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးရန် ပုသိမ်တွင် သတင်းသမားများ ဆန္ဒပြ
Donate to DVB

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး လွတ်မြောက်ရေးအတွက် မြန်မာဂျာနယ်လစ်ကွန်ရက် (ဧရာဝတီ) နဲ့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီတို့ ပူးပေါင်းပြီး ပုသိမ်မြို့မှာ ဒီနေ့မနက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကိုဝလုံး (ခ) ကိုသက်ဦးမောင် နဲ့ ကိုကျော်စိုးဦး (ခ) ကိုမိုးအောင် တို့ကို တရားမ၀င်သတင်းအချက်အလက်ရယူလို့ဆိုပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာက ဖမ်းဆီးတရားစွဲဆိုထားတာပါ။

ဖမ်းဆီခံထားရတဲ့ ရိုက်တာသတင်းထောက်တွေအနေနဲ့ သတင်းသမားရဲ့တာဝန်ကို ထမ်းဆောင်တာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာ အဖွဲ့အစည်းတွေအပါအဝင် မီဒီယာသမားတွေက တောင်းဆိုနေကြပါတယ်။

ရိုက်တာသတင်းဌာနကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံရတာဟာ အင်းဒင်ရွာ သတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ ပုသိမ်မြို့က ဆန္ဒထုတ်ဖော်ပွဲမှာတော့ ပုသိမ်မြို့အခြေစိုက် လူအခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖွဲ့၊ မြစ်ဝကျွန်းကာကွယ်မြှင့်တင်သူများအဖွဲ့၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ စတဲ့ အရပ်ရက်အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013