DVB Logo
Home
မြန်မာသတင်း
လုဒ်မယ်တော်သခင်မပွဲတော် ဘုရားဖူး သိန်းချီ လာရောက်
DVB
·
February 11, 2018
လုဒ်မယ်တော်သခင်မပွဲတော် ဘုရားဖူး သိန်းချီ လာရောက်
1 / 9
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ၁၁၆ ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ကက်သလစ်ခရစ်ယာန်ဘာသာဝင် သိန်းချီ လာရောက်ဖူးမြော်နေကြပါတယ်။

ညောင်လေးပင်မြို့မှာ လုဒ်မယ်တော်သခင်မကိုယ်ထင်ပြခဲ့တာ ၁၁၆ နှစ်ရှိခဲ့ပြီး ပြင်သစ်နိုင်ငံ လုဒ်မြို့မှာရှိတဲ့ နှစ်ပေါင်း ၁၆၀ က ကိုယ်ထင်ပြတဲ့ မယ်တော်နဲ့ အတူတူပဲဖြစ်ကာ မြန်မာပြည်မှာ လုဒ်မယ်တော်သခင်မ ကိုယ်ထင်ပြတာ ညောင်လေးပင်မြို့ တခုသာဖြစ်ပါတယ်။

အရင်ကဆို လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် ဘုရားဖူးပြည်သူတွေ သွားလာရာမှာ အခက်အခဲရှိခဲ့ပေမယ် အခုနှစ်တွေမှာ ပွဲတော်ကျင်းပရေးကော်မတီအနေနဲ့ ဘုရားဖူးပြည်သူတွေ သွားလာရေးအဆင်ပြေအောင် အခမဲ့ရထားစီးနိုင်အောင် စီစဉ်ပေးထားတာမျိုးတွေရှိတာကြောင့် ဘုရားဖူးပြည်သူ သိန်းနဲ့ချီ လာရောက်ကြတာဖြစ်ပါတယ်။

“ကချင်ပြည်နယ် မြစ်ကြီးနားက လာကြတာပါ။ မြန်မာ့မီးရထားက ရထားတွဲဆိုင်းတွေ စီစဉ်ပေးလို့ မြစ်ကြီးနားကနေ ညောင်လေးပင်ကို တိုက်ရိုက်လာခဲ့ကြတာပါ။ လူတစ်ထောင်လောက်ပါပါတယ်။ အဓိကက အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းရေးရရှိဖို့နဲ့ အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ်ဖြစ်ပွားနေတဲ့ အရာတွေ ငြိမ်းချမ်းရေးရဖို့ အထူးဆုတောင်းဖို့ လာကြတာ” လို့ ကချင်ပြည်နယ်က ဘုရားဖူးလာသူတဦးက ပြောပါတယ်။

ပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး ပွဲတော်ကို လာရောက်ကြသူတွေဟာ ဆုတောင်းပြည့် လုဒ်မယ်တော်ကျောင်း ပရဝုဏ်ထဲမှာ မယ်တော်အလံတင်တာ-မစ္ဆားတရားနဲ့ ပုတီးစိတ်တာ၊ မယ်တော်ရှေ့ဂါရဝပြုတာနဲ့ မြို့တွင်း စီတန်းလှည့်လည်တာတွေ ပြုလုပ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းမှာတော့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ရဟန်းအမတ်ကြီး ကာဒီနယ်ချားလ်(စ်)ဘို ဦးဆောင်ပြီး လုဒ်မယ်တော်သခင်မပွဲတော် ကျေးဇူးတင်မစ္ဆားတရားဟောကြားတာ၊ အလံတော်ရုပ်သိမ်းတာကို ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီပွဲတော်ကျင်းပတဲ့ ပြင်သစ်နိုင်ငံရှိ မယ်တော်လိုဏ်ဂူကို ကမ္ဘာတ၀ှမ်းလုံးက ကိုးကွယ်ယုံကြည်သူတွေ သန်းနှင့်ချီလာရောက်ကြသလို ညောင်လေးပင်မြို့ရှိ လုဒ်မယ်တော်ပွဲတော်ကိုလည်း မြန်မာနိုင်ငံတ၀န်းလုံးက ဘာသာဝင်တွေ သိန်းနှင့်ချီ လာရောက်ကြပြီး ဘာသာဝင်တွေ၊ ပွဲတော်ကို လာရောက်ကြည့်ရှု့လေ့လာသူတွေကို စတုဒီသာနဲ့ ဧည့်ခံကျွေးမွေးကြတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013