DVB Logo
Home
မြန်မာသတင်း
ခံဝန်ထိုးစရာမလိုဘဲ ကျောင်းသား/သူ ၅၆ ဦး ကျောင်းပြန်တက်ခွင့်ရ
DVB
·
February 11, 2018
ခံဝန်ထိုးစရာမလိုဘဲ ကျောင်းသား/သူ ၅၆ ဦး ကျောင်းပြန်တက်ခွင့်ရ
Donate to DVB

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးတောင်းဆိုမှုပြုလုပ်ရာမှ ပညာသင်ကြားခွင့် ရပ်စဲခံထားရတဲ့ ကျောင်း သား၊ ကျောင်းသူ ၅၆ ဦးကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးက ကျောင်းပြန်တက်ခွင့်ပေးလိုက်ပါတယ်။

ကျောင်းပြန်တက်ခွင့်ရတဲ့ အပေါ်မှာ ခံဝန်ထိုးစရာမလိုပဲ ကျောင်းပြန်တက်ခွင့်ရတာလို့ သပိတ်တိုက်​ပွဲ​ကော်​မတီမှာ ပါဝင်တဲ့ ရတနာပုံ တက္ကသိုလ်က ပညာ​ရေးအသုံးစရိတ်​တိုမြှင့်​​ရေး​ကော်​မတီအဖွဲ့ဝင် ကိုရဲမျိုး​ဆွေက ပြောပါတယ်။

ကျောင်းပြန်တက်ခွင့်ရတဲ့အတွက် ကျောင်းပြန်တက်မှာဖြစ်ပြီး ပညာရေးဘတ်ဂျက်တိုးမြှင့်ဖို့ကို ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

အခုလို ကျောင်းသားတွေ ကျောင်းပြန်လည်တက်ခွင့်ရအောင်  ပြန်လည်လက်ခံဖို့ကိုတော့ ဖေဖော်ဝါရီ ၈ ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရနဲ့ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ နိုင်ငံတ၀န်း ကျောင်းသားသမဂ္ဂများအပေါ် ညှိနှိုင်းရေးကော်မတီက ကျောင်းသားတွေက မကွေးတိုင်းအစိုးရရုံးမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာပါ။

ကျောင်းထုတ်​ခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ၁၂ ဦး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ၁၁ဦး၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ၁ ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ ၄ ဦး၊ စစ်ကိုင်းပညာရေး ကောလိပ်မှ ၃ ဦး၊ မိတ္ထီလာတက္ကသိုလ်မှ ၉ ဦး၊ ကန့်ဘလူ စက်မှုလက်မှုသိပ္ပံမှ ၇ ဦး၊ ကျောက်ဆည် တက္ကသိုလ်မှ ၁ ဦးနဲ့ ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသူ ၂ ဦးဖြစ်​ပါတယ်။ သူတို့အားလုံးကို ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်ကျောင်းတက်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013