DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်တိုက်မှုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် အမှုဖွင့်
DVB
·
February 10, 2018
ဆိုင်ကယ်တိုက်မှုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် အမှုဖွင့်
Donate to DVB

ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့စက်မှုဇုန် ဟက်ကာအထည်ချုပ်စက်ရုံ စက်ချုပ်နည်းပြဆရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Mr. Md Ba Chu ကို ဗီဇာစည်းကမ်းဖောက်ဖျက်မှု လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ ထပ်မံအမှုဖွင့် အရေးယူထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

Mr. Md Ba Chu ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက အိမ်မဲမြို့ကနေ ပုသိမ်မြို့ကို ဆိုင်ကယ်မောင်းပြန်လာတုန်း ကျောင်းကုန်းမြို့နယ် ရုံးတောကျေးရွာနားမှာ ဆိုင်ကယ်တိမ်းမှောက်ပြီး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့လို့ ဒေါင့်ကြီးတိုက်နယ်ဆေးရုံနဲ့ ပုသိမ်ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှုခံခဲ့ရပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။

အဲဒီအမှုကို ကျောင်းကုန်းမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ ဒဏ်ငွေတသောင်းကျပ် အမိန့်ချမှတ်ခဲ့ပြီးနောက် ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဦးစီးမှူး ဦးနိုင်ဦးလှိုင်က တရားလိုပြုလုပ်ပြီး ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။

“သူက ဆိုင်ကယ်မတော်တဆမှုဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့မှ သူ့ကို ကျနော်တို့က တရားရုံးမှာ တရားစွဲတင်တယ်။ ဒါကိုတရားရုံးက သူ့ကိုဒဏ်ငွေရိုက်ပြစ်ဒဏ်ပေးတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့မှ လူဝင်မှုကြီးကြပ်ရေးကနေပြီးတော့ ဗီဇာစည်းကမ်းဖောက်ဖျက်တာနဲ့ အရေးယူတယ်၊ အမှုဖွင့်တဲ့ ကိစ္စကတော့ ရဲကနေဆောင်ရွက်ပေးရတာပေါ့။”

Mr. Md Ba Chu ကို ဗီဇာစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့အတွက် ပုသိမ်မြို့မရဲစခန်းက (ပ)၆၅/၂၀၁၈ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Mr. Md Ba Chu ဟာ ၂၀၀၀ ပြည့်နှစ်ကစပြီး ပုသိမ်မြို့ စက်မှုဇုန်မှာရှိတဲ့ ဟက်ကာအထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေသူတဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013