DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်လုံခြုံရေး ရဲတပ်သားတဦး ဓားထိုးခံရ
DVB
·
February 10, 2018
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်လုံခြုံရေး ရဲတပ်သားတဦး ဓားထိုးခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ လွှတ်တော်ရုံးနဲ့ ရဲသင်တန်းကျောင်းကြား ကမ်းနားလမ်း တာဘောင်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က လွှတ်တော်လုံခြုံရေး ရဲတပ်သားတဦး ဓားထိုးခံခဲ့ရလို့ မုံရွာမြို့မစခန်းမှူး ဒုရဲမှူး ကျင်စိန်က ပြောပါတယ်။

တိုင်းရဲအကူတပ်ဖွဲ့ လွှတ်တော်လုံခြုံရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား တန်ဆွေက ကင်းတာဝန်ပြီးဆုံးလို့ ရည်းစားဖြစ်သူနဲ့အတူ ကမ်းနားလမ်းဘေး တာဘောင်မှာ ဆိုင်ကယ်ရပ်ပြီး စကားပြောနေတုန်း လူငယ် ၂ ယောက်ရောက်လာကာ ဆိုင်ကယ်သော့တောင်းခဲ့ရာကနေ လုံးထွေးသတ်ပုတ်ရင်း ဓားထိုးခံခဲ့ရတာဖြစ်ပါတယ်။

ရဲတပ်သားတန်ဆွေမှာ နောက်ကျောထိုးသွင်းဒဏ်ရာ၊ ခါးအထက်ပိုင်းထိုးသွင်းဒဏ်ရာနဲ့ အခြားပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး စိုးရိမ်ရတာကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေသလို ရည်းစားဖြစ်သူမှာလည်း နဖူးပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးကုသမှုခံယူနေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ ခိုးယူလုယက်မှုနဲ့ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။

ခုတလော မုံရွာမြို့မှာ ဆိုင်ကယ်ပျောက်မှုတွေလည်း မကြာခဏကြုံတွေ့နေရပါတယ်။ အခုရက်ပိုင်းအတွင်း အုပ်စုဖွဲ့ဆိုင်ကယ်ခိုးနေသူတွေကိုလည်း မုံရွာမြို့မစခန်းမှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013