DVB Logo
Home
မေးမြန်းခန်း
အထူး​စီး​ပွား​ရေး​ဇုန်ကိစ္စ ချင်း​တိုင်း​ရင်း​သား​များ​ ​မျှော်လင့်
DVB
·
May 11, 2012
အထူး​စီး​ပွား​ရေး​ဇုန်ကိစ္စ ချင်း​တိုင်း​ရင်း​သား​များ​ ​မျှော်လင့်
Donate to DVB

ချင်း​ပြည်နယ်သား​တွေက အဘက်ဘက်က ဖွံ့​ဖြိုး​မှုနိမ့်​ကျ​နေတဲ့​ သူတို့​ပြည်နယ်မှာ အထူး​စီး​ပွား​ရေး​ဇုန်တခု ​ပေါ်​ပေါက်လာ​ရေး​အတွက် ​မျှော်လင့်​နေကြပါတယ်။

ချင်း​လက်နက်ကိုင်အဖွဲ့​ ချင်း​အမျိုး​သား​တပ်ဦး​နဲ့​ အစိုး​ရအကြား​ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်စဲပြီး​တဲ့​နောက် ချင်း​အမျိုး​သား​တပ်ဦး​က အထူး​စီး​ပွား​ရေး​ဇုန်တခု ​ဖော်​ဆောင်ဖို့​ အစိုး​ရထံ ​တောင်း​ဆိုခဲ့​တာကို ချင်း​ပြည်သူ​တွေက စိတ်ဝင်စား​နေကြတာပါ။

ချင်း​ပြည်နယ် ဟား​ခါး​မှာ ​နေထိုင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြည်နယ်စည်း​ရုံး​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​ဗန်လျှန်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေလာပြီး​တော့​ အပစ်ရပ်သ​ဘောတူသွား​တဲ့​ အ​ပေါ်မှာ ချင်း​ပြည်သူ​တွေက​ရော ဘယ်လို သ​ဘောထား​ရှိလဲ။

“ချင်း​ပြည်သူ​တွေက​တော့​ ​အေး​ချမ်း​ဖို့​က​တော့​ အား​လုံး​ထောက်ခံတာပဲ။ ဒါ​ပေမဲ့​ အခု​တော့​ ချင်း​ပြည်နယ်မှာ အထူး​စီး​ပွား​ရေး​ဇုန်ဖွင့်​ဖြစ်ဖို့​ ကိစ္စ ဘယ်လိုလာမလဲ ဆိုပြီး​တော့​ အဲဒါပဲ သူတို့​ ​စောင့်​မျှော်​နေကြတယ်။ တကယ်လုပ်ဖြစ်မလား​ မလုပ်ဖြစ်ဘူး​လား​ ဆိုတာကို။ သူတို့​တောင်း​ဆိုတာက​တော့​ အထူး​စီပွား​ရေး​ဇုန် ဖွင့်​ပေး​ပါဆိုပြီး​တော့​ CNF အဖွဲ့​က ​တောင်း​ဆိုတယ်လို့​ ​ပြောတယ်။ ဒါဗဟိုက ဆုံး​ဖြတ်မယ်လို့​ ​ပြော​တော့​ ဘယ်လို အ​ဖြေထွက်လာမလဲဆိုတာကို ပြည်သူ​တွေက ​စောင့်​မျှော်​နေကြတယ်။”

CNF အဖွဲ့​အ​ပေါ်မှာ ချင်း​ပြည်သူ​တွေ သ​ဘောထား​က​ရော ဘယ်လိုရှိလဲ။ အထူး​သဖြင့်​ ဦး​လေး​ရဲ့​ သ​ဘောထား​က​ရော ဘယ်လိုရှိလဲ။

“သ​ဘောထား​ဆိုတာက​တော့​ ဒီလို တိုင်း​ပြည်​အေး​ချမ်း​ဖို့​ သူတို့​ အစိုး​ရနဲ့​ ​ဆွေး​နွေး​တာကို​တော့​ ကျ​နော် အ​ကောင်း​ယူဆပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဒီလို လက်နက်စွဲကိုင်ပြီး​တော့​ တိုက်ခိုက်​နေတယ် ဆိုတာဟာ ချက်ချင်း​ တိုင်း​ပြည်အတွက်လည်း​ အကျိုး​သိပ်မရဘူး​။ အဲဒါ​ကြောင့်​မို့​ ငြိမ်း​ချမ်း​ရေး​ဘက်ကိုပဲ ကျ​နော်က​တော့​ ​ထောက်ခံတယ်။”

ဦး​တို့​ဆီမှာက အထူး​စီး​ပွား​ရေး​ဇုန်ဆိုတဲ့​ ​ဝေါဟာရက ဘယ်​လောက်ထိ​အောင် ချင်း​လူထုကြား​ထဲမှာ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြော​နေကြလဲ။ ဘယ်​လောက်ထိ​အောင် ​မျှော်လင့်​နေကြလဲ၊​ ချင်း​ဒေသခံ​တွေက​လေ။

“အထူး​စီး​ပွား​ရေး​ဇုန်ဖွင့်​မယ်ဆိုတာက ဘယ်လိုနည်း​နဲ့​ ဖွင့်​မလဲဆိုပြီး​တော့​ ဖွင့်​ဖူး​တာလည်း​ မဟုတ်တဲ့​အခါကျ​တော့​ လူ​တွေက ဘယ်လိုမှ မစဉ်း​စား​တတ်ဘူး​။ ကျ​နော်တို့​ချင်း​ပြည်နယ်က မြန်မာပြည်တခုလုံး​မှာ အဆင်း​ရဲဆုံး​ ​ဒေသဖြစ်​နေတယ်။ UNDP (ကုလသမဂ္ဂ ဖွံ့​ဖြိုး​ရေး​အစီအစဉ်)ရဲ့​ တိုင်း​တာချက်အရ အဆင်း​ရဲဆုံး​ဒေသက ချင်း​ပြည်နယ်၊​ ဒုတိယက ရခိုင်ပြည်နယ် ဆို​တော့​ ဘယ်လိုဟာမျိုး​နဲ့​ လုပ်​ပေး​မှ တိုး​တက်မလဲဆိုတာ လုပ်ဖူး​ကိုင်ဖူး​တာ မရှိတဲ့​အခါကျ​တော့​ ပြည်သူ​တွေက ဘာမှ သူတို့​ဝေဖန်တတ်တာလည်း​ မရှိဘူး​။ ​မျှော်လင့်​တာပဲ ​မျှော်လင့်​နေတယ်။ သူတို့​ အရင်​လေ့​လာပြီး​မှ ဘယ်လိုလုပ်​ပေး​သင့်​တယ်ဆိုတဲ့​ဟာ အဲဒါပြီး​မှ ကျ​နော်တို့​လည်း​ သုံး​သပ်နိုင်မယ်လို့​ အဲဒီလိုမျိုး​ ယူဆကြတယ်။”

ချင်း​လူငယ်​တော်​တော်များ​များ​က မ​လေး​ရှား​ဘက်ကိုသွား​တယ်။ ​နောက် နိုင်ငံခြား​ထွက်တယ်လို့​ ကြား​တယ်။ ​နောက်ပြီး​တော့​ စာတတ်​မြောက်မှုနဲ့​ ပတ်သက်လို့​လည်း​ ချင်း​က နည်း​နည်း​နိမ့်​တယ်လို့​ပြောတယ်။ အဲဒီ​တော့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ ချင်း​လူထုက ဘယ်လို အခန်း​ကဏ္ဍက​နေ ဝင်မယ်လို့​ အန်ကယ် ထင်ပါသလဲ။

“အထူး​စီး​ပွား​ရေး​ဇုန်ဖွင့်​ရင် ဘာလုပ်မလဲ ဆိုတာ ကျ​နော်လည်း​ ဒါ​သေချာ ဘာမှ မသိရ​သေး​ဘူး​။ ကျ​နော်တို့​က ​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက်​တော့​ အ​ခြေခံလုပ်ငန်း​ပဲ ပထမလုပ်ဖို့​လိုတယ်။ ဘာလို့​လဲဆို​တော့​ လမ်း​ပန်း​ဆက်သွယ်​ရေး​က တရွာနဲ့​တရွာ၊​ မြို့​က​နေရွာ အဆင်မ​ပြေတဲ့​အခါကျ​တော့​ ဘာအထူး​ဇုန်ပဲ ဖွင့်​ဖွင့်​ ဆက်သွယ်​ရေး​ မ​ကောင်း​တော့​ သိပ်လုပ်နိုင်ကိုင်နိုင်မှု ရှိမလား​လို့​ ကျ​နော် အဲဒါ စိုး​ရိမ်​နေတယ်။ အခုထိ ဟား​ခါး​မြို့​တော်က​နေ ပလက်ဝမြို့​အထိ ကား​လမ်း​မရှိ​သေး​ဘူး​။ တမြို့​နဲ့​ တမြို့​တောင်မှ ကား​လမ်း​မရှိ​သေး​ဘူး​။ ​နောက် ပြီး​တော့​ ပလက်ဝဆိုတာကလည်း​ မင်း​တပ်ခရိုင်မှာ။ မင်း​တပ်မြို့​နဲ့​ ပလက်ဝ ဆက်သွယ်​ရေး​လမ်း​ မရှိ​သေး​ဘူး​။ အခု ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက ခရိုင်မှာ လက်မှတ်ထိုး​ရမယ်ဆို​တော့​ ​ခြေလျင်နဲ့​ပဲ ပလက်ဝက​နေ မင်း​တပ်သွား​တုန်း​ပဲ။ အဲဒါ​ကြောင့်​မို့​ အထူး​ဇုန်ဖွင့်​ပေး​မယ် ဆိုရင် ပထမဦး​ဆုံး​က​တော့​ အ​ခြေခံအ​ဆောက်အအုံ​တွေ လုပ်​ပေး​ဖို့​ လိုမယ်လို့​ ကျ​နော် အဲဒီလိုပဲ ယူဆတယ်။”

ချင်း​လူငယ်​တွေ နိုင်ငံခြား​ကို ​တော်​တော်များ​များ​ သွား​တယ်ဆို​တော့​ အခု လူငယ်​တွေရဲ့​ အ​ခြေအ​နေက ဘယ်လိုရှိလဲ။

“လူငယ်​တွေက အခု ​တော်​တော်​လေး​ အင်အား​လျော့​နေတယ်။ တချို့​ရွာက​လေး​တွေဆိုရင် ဥပမာ သင်္ချိုင်း​တူး​ဖို့​လူ​တောင် မရှိဘဲနဲ့​ တခြား​ရွာ အကူအညီ​တောင်း​ရတယ် ဆိုတာမျိုး​တောင် ကျ​နော် ကြား​နေရတယ်။ မသာရှိရင် သင်္ချိုင်း​တူး​ဖို့​က အခက်အခဲ ရှိ​နေတယ်။ အဲဒါ​ကြောင့်​မို့​ လူငယ်​တွေက အင်မတန်မှ လုပ်အား​၊​ အထူး​ဇုန်ဖွင့်​ရင်လည်း​ပဲ လုပ်အား​က ​တော်​တော်​လေး​ ခက်ခဲမယ်လို့​ ကျ​နော် ယူဆတယ်။ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​ အထူး​ဇုန်ဖွင့်​ပေး​သည့်​တိုင်​အောင် အချိန်​တော်​တော်ကြာကြာ​တော့​ အခက်အခဲ ရှိဦး​မှာပဲ။”

ဦး​တို့​ဆီမှာ ပညာ​ရေး​တို့​၊​ ဆက်သွယ်​ရေး​တို့​၊​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုက​ရော ဘယ်လိုရှိလဲ။

“ကျန်း​မာ​ရေး​စောင့်​ရှောက်မှုကလည်း​ ဘာမှ အထူး​တလည် ​စောင့်​ရှောက်တာ မရှိပါဘူး​။ ​နောက်ပြီး​တော့​ ပညာ​ရေး​ဆိုတာကလည်း​ ချင်း​ပြည်နယ်ဆိုရင် တက္ကသိုလ်၊​ ​ကောလိပ် တခုမှ မရှိဘူး​။ အဲဒါ​ကြောင့်​မို့​ လူငယ်​တွေက ၁၀ တန်း​ ​အောင်လည်း​ မ​လေး​ရှား​ဘက် သွား​ပြီး​တော့​ တတိယ နိုင်ငံ​ရောက်ဖို့​ပဲ ကြိုး​စား​နေကြတယ်။ တတိယ နိုင်ငံ​ရောက်ရင် တက္ကသိုလ်လည်း​ တက်နိုင်မယ်ဆိုတဲ့​ ရည်ရွယ်ချက်လည်း​ သူတို့​ ပါတယ်။”

အခု မြန်မာပြည်မှာ နိုင်ငံ​ရေး​ပြောင်း​လဲတယ်ဆိုပြီး​တော့​ တကမ္ဘာလုံး​လိုလို က​နေပြီး​တော့​ ​ပြော​နေတယ်ဆို​တော့​။ ချင်း​ပြည်နယ်က ပြည်သူ​တွေက​ရော နိုင်ငံ​ရေး​မှာ ဘယ်​လောက်စိတ်ဝင်စား​လာကြလဲ။

“အခု နိုင်ငံ​ရေး​ဆိုတာက​တော့​၊​ လွတ်​မြောက်မှု နိုင်ငံ​ရေး​ဆို​တော့​ အား​လုံး​ စိတ်ဝင်စား​ကြပါတယ်။”

နိုင်ငံ​ရေး​ပါတီ​တွေထဲကို ဝင်​ရောက်ပြီး​တော့​ ​ဆောင်ရွက်တာ​တွေ​ရော ချင်း​ပြည်နယ် ပြည်သူ​တွေကြား​ထဲမှာ တိုး​လာတာ ​တွေ့​ရလား​။

“တိုး​လာတယ်။ အခုကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပြန်လည်ပြီး​ မှတ်ပုံတင်ပြီး​ရင်​တော့​ အခု ​လျှောက်လွှာ​တွေက ဝင်လာမစဲ တသဲသဲ ဖြစ်​နေတယ်။ အခက်အခဲတခုက​တော့​ ဓာတ်ပုံကပ်ရမယ်ဆို​တော့​ အဲဒီ့​ ဓာတ်ပုံရိုက်ဖို့​ပဲ သူတို့​ အခက်အခဲ ကြုံတယ်။”

ဘာဖြစ်လို့​ပါလဲ။

“အန်အယ်လ်ဒီပုံစံ ဖြည့်​တဲ့​နေရာမှာ ဓာတ်ပုံ ၂ ပုံ ကပ်ရမယ်။ ၁ ပုံကို အပိုထား​ပြီး​တော့​ အဲဒါ ဌာနချုပ် ပို့​ရမယ်။ အဲဒါမှ ဌာနချုပ်က ပါတီဝင်ကတ်ပြား​ ထုတ်​ပေး​မယ်။ အဲဒါ​ကြောင့်​မို့​ ​ကျေး​ရွာ​တွေက ပါတီဝင်ချင်ကြ​ပေမယ့် အခု ဓာတ်ပုံရိုက်ဖို့​ အခက်အခဲ ရှိတဲ့​အခါကျ​တော့​ ကျ​နော်တို့​ မြို့​ကပဲ လူလွှတ်ပြီး​တော့​ ​ကျေး​ရွာမှာ ဓာတ်ပုံရိုက် ပါတီမှတ်ပုံတင်ခိုင်း​ အဲဒီလို ကျ​နော်တို့​ လုပ်​နေတယ်။ ​ကျေး​ရွာ​တွေက​တော့​ အင်မတန်မှ ဒီ နိုင်ငံ​ရေး​မှာ စိတ်ဝင်စား​နေကြတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013