DVB Logo
Home
မြန်မာသတင်း
တိုင်းဒေသကြီးခွင့်ပြုမိန့်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းလုပ်ပေးမည်
DVB
·
February 10, 2018
တိုင်းဒေသကြီးခွင့်ပြုမိန့်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းလုပ်ပေးမည်
1 / 2
Donate to DVB

အကြောင်းအမျိုးမျိုးကြောင့် အခုအချိန်ထိ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူတွေကို စာရင်းပြုစုပြီး ညှိနှိုင်းပေးပို့မယ်ဆိုရင် တိုင်းဒေသကြီးခွင့်ပြုမိန့်နဲ့ ကွင်းဆင်းဆောင်ရွက် ပေးသွားမယ်လို့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

မြို့နယ်၊ ရပ်ကွက်နဲ့ စာသင်ကျောင်းအလိုက် စာရင်းပြုစုရမှာ ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ညှိနှိုင်းပေးပို့ရမယ်လို့ သူက ပြောတာပါ။

အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေးကတ်ကို သစ္စာစီမံချက်နဲ့ လုပ်ဆောင်ပေးနေပြီး တိုင်းရင်းသားတွေအနေနဲ့ နေထိုင်ခဲ့တဲ့ အရပ်ဒေသကို ပြန်ပြီး ပုံစံ ၁၀ သွားယူစရာမလိုဘဲ အလွယ်တကူရရှိအောင် လုပ်ဆောင်ပေးနေတယ်လို့ ဇန်နဝါရီ ၉ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့တာပါ။

သာကေတမြို့နယ် မဲဆန္ဒအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက သာကေတမြို့နယ်အတွင်း မှတ်ပုံတင်၊ သန်းဆောင်စာရင်း၊ မွေးတိုးစာရင်းတွေနဲ့ ပတ်သက်ပြီး ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့တာပါ။

တိုင်းရင်သားပြည်သူတွေအတွက် နိုင်ငံသားစိစစ်ရေးကတ် အလွယ်တကူရရှိဖို့အတွက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတဝှမ်းလုံးမှာ မိုးပွင့်စီမံချက်နဲ့လည်း လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဦးဇော်အေးမောင်က ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ စာရင်းတွေအရ သာကေတမြို့နယ်မှာ အိမ်ထောင်စုလူဦးရေ စာရင်းနဲ့ နေထိုင်သူတွေအနက် မိုးပွင့်စီမံချက်အရ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပေါင်း ၇ သောင်း ၂ ထောင်ကျော်ထုတ်ပေးခဲ့ပြီး အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပေါင်း တစ်သိန်းငါးထောင်လောက် ရှိနေပြီလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013