DVB Logo
Home
မြန်မာသတင်း
ဗိုလ်တထောင်တွင် ကျပ်သိန်း ၁၈၀ ကျော်ဖိုး ဖောက်ထွင်းခဲ့သူကို ဖမ်းမိ
DVB
·
February 10, 2018
ဗိုလ်တထောင်တွင် ကျပ်သိန်း ၁၈၀ ကျော်ဖိုး ဖောက်ထွင်းခဲ့သူကို ဖမ်းမိ
Donate to DVB

ဗိုလ်တထောင်မြို့နယ်အတွင်း ငွေနဲ့ ရွှေထည်ပစ္စည်း ကျပ်သိန်း ၁၈၀ ကျော်ဖိုး ဖောက်ထွင်းခိုးယူခံရတဲ့အမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်မှာ အိမ်ရှင်တွေ မရှိခိုက် နေအိမ်အတွင်း ဖောက်ထွင်း ဝင်ရောက်ပြီး ရွှေထည်၊ လက်ဝတ်ရတနာပစ္စည်းမျိုးစုံ၊ Tablet နဲ့ ငွေ စုစုပေါင်းတန်ဖိုး ၁၈၂ သိန်း ခိုးယူပျောက်ဆုံးတဲ့အမှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၇ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၃ နာရီကျော်က ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် နေ ဒေါ် ---- ဟာ ဆံပင်ညှပ်ပြီး နေအိမ်ပြန်လာစဉ် နေအိမ်တိုက်ခန်း သံဘာဂျာတံခါးမှာ

ပွင့်နေပြီး အတွင်းသစ်သားတံခါးအတွင်းမှ ဂျက်ထိုးပိတ်ထားကြောင်းတွေ့ရတယ်၊ ပိတ်ထားတဲ့ သစ်သားတံခါးကို ခဲအိုနဲ့အတူ ချိုးဖျက်ပြီးနေအိမ်အတွင်း ဝင်ရောက်စစ်ဆေးခဲ့တယ်၊ I Pad – SAMSUNG Galaxy Tab 5 ၁ လုံး၊ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၁၇ မျိုး၊ တန်ဖိုး ၁၇၉ သိန်းနဲ့ ငွေ ၃ သိန်း၊ စုစုပေါင်း ၁၈၂ သိန်း ခိုးယူပျောက်ဆုံးနေကြောင်း တွေ့ရလို့ ဗိုလ်တထောင်မြို့မရဲစခန်းကို တိုင်ကြားခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ခိုးမှုတွေ ကျူးလွန်ပြီး အကျဉ်းထောင်တွေမှ ပြန်လည်လွတ်မြောက်လာသူတွေကို ရဲစခန်းမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖော်ထုတ်ခဲ့ရာ ပြစ်ချက်ဟောင်းရှိသူ အေးမင်းစိုးကို မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိရလို့ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ တိုက်ခန်းကို သော့တုနဲ့ ဖောက်ထွင်း ၀င်ရောက်ပြီး ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အေးမင်းစိုးမှာ ၁၉၉၈ ခုနှစ်က နေ့အချိန် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်မြို့နယ်တို့မှာ ဖောက်ထွင်းခိုးယူမှု ၇ မှုနဲ့ ထောင်ဒဏ် ၄၁ နှစ်ချမှတ်ခံရပြီး အကျဉ်းထောင်တွင် ၁၆ နှစ်လောက် ပြစ်ဒဏ်ကျခံခဲ့ပြီး ၂၀၁၄ ခုနှစ်က နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်မြောက်လာသူဖြစ်ပါတယ်။

ကျင့် ၄၀၁ (၁) အရ စည်းကမ်းသတ်မှတ်ချက်နဲ့ လွှတ်ထားတဲ့ ထောင်လွှတ် အကျဉ်းသားဖြစ်လို့ ယခင်ပြစ်ဒဏ်တွေ ပြန်လည်ကျခံစေရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ပြစ်ချက်ဟောင်းတွေ ဖော်ထုတ်သွားမှာဖြစ်သလို အခြားပြစ်မှုတွေ ကျူးလွန်ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013