DVB Logo
Home
မြန်မာသတင်း
ခွေးနှင့်အပြိုင် သူနိုင်ကိုယ်နိုင် တိုက်ခိုက်သည့် အာဂ ကြက်ဖလေး (ရုပ်သံ)
DVB
·
February 10, 2018
ခွေးနှင့်အပြိုင် သူနိုင်ကိုယ်နိုင် တိုက်ခိုက်သည့် အာဂ ကြက်ဖလေး (ရုပ်သံ)
Donate to DVB

များသောအားဖြင့် ကြက်တွေဟာ ခွေးတွေကို ကြောက်ကြရပြီး တချို့ခွေးတွေဆို ကြက်တွေကို ကိုက်သတ်စားတတ်ကြပါတယ်။

ခွေးနဲ့အပြိုင် သူနိုင်ကိုယ်နိုင်တိုက်ခိုက်တဲ့ အာဂ ကြက်ဖလေးအကြောင်းကတော့ လတ်တလော လူမှုကွန်ရက်မှာ ကြည့်ရှုသူများပြီး ရေပန်းစားနေပါတယ်။

ဒီရုပ်သံဖိုင်ထဲက ကြက်ဖလေးဟာ ခွေးနဲ့အပြိုင် သူနိုင်ကိုယ်တိုင် အပြိုင်တိုက်ခိုက်နေတာကို တွေ့ရပြီး တခါတခါမှာ ခွေးက သူ့ရဲ့လည်ပင်းကို ကိုက်ခဲမိပေမယ့် လုံးဝ နောက်မဆုတ်ဘဲ မကြောက်မရွံ့ ပြန်တိုက်ခိုက်ခဲ့တာကို တွေ့ရမှာပါ။

နောက်ဆုံးမှာတော့ ကြက်ဖလေးရဲ့ မကြောက်မရွံ့ ပြန်ခွပ်နေတာကို မယှဉ်နိုင်တော့ဘဲ ခွေးဟာ ထွက်ပြေးခဲ့ရပါတယ်။ ဒါကိုတောင် မကျေနပ်နိုင်သေးတဲ့ ကြက်ဖလေးဟာ ထွက်ပြေးသွားတဲ့ ခွေးနောက်ကို အသည်းအသန်လိုက်ပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013