DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 9, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၂,၉၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ မတ်ပဲအသစ်က  ၁ အိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၄၂,၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၅၄.၂၅ ပိဿာဝင် ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၇,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး ပဲဇီးကွက် အများဆုံးဝင်တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ၉၉,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
နှမ်းနက် အများဆုံး ဝင်တဲ့ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ၄၅ ပိဿာဝင် ၁ အိတ်ကို ၉၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်းအဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၉,၄၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၈၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၄,၈၀၀ ကျပ်ကနေ ၃၀,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ပဲစင်းငုံနီကတော့ ဖေဖော်ဝါရီလဆန်းပိုင်းကနေစပြီး  ဈေးတက်လာတာ နှစ်ပတ်ဆက်တိုက် ရှိနေပါပြီ။ ပြည်တွင်းမှာ ဝယ်လိုအား များနေတဲ့အတွက်ကြောင့် ဈေးတက်နေတာဖြစ်ပြီး အဓိကတင်ပို့နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း မြန်မာ ပဲစင်းငုံနီက ဈေးသက်သာနေတဲ့အတွက် ဝယ်လိုအားက များနေတာလည်း ဖြစ်ပါတယ်။

ပဲစင်းငုံနီက ရန်ကုန်ဈေးကွက်မှာ တပတ်အတွင်း ၁ တန်ကို ၁၅,၀၀၀ ကျပ် ဈေးတက်လာပြီး ၄ သိန်းခွဲအထိ ဈေးရရှိနေပါတယ်။ ပြီးခဲ့တဲ့လက ပဲစင်းငုံနီ ၁ တန်ကို ၄ သိန်းအောက်သာ ဈေးရရှိခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013