DVB Logo
Home
မြန်မာသတင်း
ထိုးကြိတ်ခဲ့သည့် မန်နေဂျာကို အရေးယူပေးရန် ဆီဒူနိုအထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ
DVB
·
February 9, 2018
ထိုးကြိတ်ခဲ့သည့် မန်နေဂျာကို အရေးယူပေးရန် ဆီဒူနိုအထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ
Donate to DVB

ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ ဆီဒူနို မြန်မာအထည်ချုပ်စက်ရုံက အချိန်ပိုမဆင်းတဲ့ အလုပ်သမား ၃ ဦးကို ဖယ်ရီကား ပေးမစီးဘဲ စက်ရုံမန်နေဂျာ ၃ ဦးက ထိုးကြိတ် ရိုက်နှက်တဲ့အပေါ် မန်နေဂျာတွေကို အရေးယူပေးဖို့ အလုပ်သမား ၃၀၀ လောက်က ဆန္ဒပြ တောင်းဆိုနေပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၆၀၀ လောက်ရှိပြီး စက်ရုံထဲမှာရှိတဲ့ အလုပ်သမား ၃၀၀ လောက်ဟာ ဖေဖော်ဝါရီ ၂ ရက်ညကစပြီး စက်ရုံပြင်ပမှာ ဆန္ဒပြ တောင်းဆိုနေတာပါ။

အဲဒီဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်လို့ အလုပ်ရှင်ဘက်က နှစ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို လိုက်လျောမှုမရှိတာကြောင့် ဆက်လက် ဆန္ဒထုတ်ဖော်နေတာပါ။

အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ၊ အချိန်ပိုခေါ်တဲ့အခါ လူရွေးခေါ်ယူတာ၊ အချိန်ပိုကြေး လျှော့ပေးဖို့နဲ့ လုပ်ခလစာ လျှော့ပေးဖို့ ပြောဆိုမှုတွေကြောင့် အလုပ်သမားတွေက အချိန်ပိုမဆင်းကြတဲ့အပေါ် အလုပ်ရှင်ဘက်က ဖယ်ရီကား မစီစဉ်ပေးရာကနေ ပြဿနာဖြစ်တာလို့ အလုပ်သမားခေါင်းဆောင် ဒေါ်ယဉ်မေမြင့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတချို့က ဖယ်ရီကားပေါ် တက်စီးရာကနေ စက်ရုံမန်နေဂျာတဦးက ဆွဲချဖို့ ညွှန်ကြားခဲ့ပြီး မန်နေဂျာနှစ်ဦးနဲ့ လုံခြုံရေး ဝန်ထမ်းတဦးက အမျိုးသမီး သုံးဦးကို အကြမ်းဖက် ရိုက်နှက်ခဲ့တာကြောင့် အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

တရုတ်လူမျိုးပိုင် ဆီဒူနို(မြန်မာ) ဖက်ရှင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တရက်ကို ငွေကျပ် ၄၀၀၀နဲ့  အချိန်ပိုကြေး တနာရီကို ငွေကျပ် ၁၀၀၀ ရရှိတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံက အလုပ်သမားတွေဟာ အရင်နှစ်ကလည်း အလုပ်သမား အခွင့်အရေး မရရှိတာကြောင့် စက်ရုံထဲမှာ အလုပ်ဆင်းရင်း ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့တာရှိပါတယ်။

လက်ရှိအချိန်အထိ အလုပ်ရှင်ဘက်ကနေ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၃ ဦးကို အလုပ်ကနေ ထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013