DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် ထိုင်းနိုင်ငံသားတဦးထံမှ သေနတ်နှင့်ကျည်များ ဖမ်းမိ
DVB
·
February 9, 2018
ဘုတ်ပြင်းတွင် ထိုင်းနိုင်ငံသားတဦးထံမှ သေနတ်နှင့်ကျည်များ ဖမ်းမိ
Donate to DVB

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်  ထောင်စုံမဟက်ကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက နိုင်ငံခြားသားတဦးဆီက သေနတ်နဲ့ ကျည်ဆန်တွေ ဖမ်းဆီးရမိတယ်လို့ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

သေနတ်နဲ့အတူ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားဟာ၊ ထိုင်းနိုင်ငံကတဆင့် ခရိုင် ချွန်ဖွန်းမြို့နယ်မှာ နေထိုင်သူ အန်ဖိုင် (၄၇-နှစ်) ဖြစ်တယ်လို့ ဘုတ်ပြင်းမြို့နယ်ရဲစခန်းက သိရပါတယ်။

“ထောင်စုံမဟက်အုပ်စု၊ ချောင်းတာစူး ဘုန်းတော်ကြီးကျောင်းမှာ ထိုင်းနိုင်ငံသားတဦး ရောက်ရှိ တည်းခိုနေတယ်၊ ပါလာတဲ့ ကားကလည်း ထိုင်းနံပါတ် တပ်ဆင်ထားတယ်လို့ သတင်းရတဲ့အတွက် ကျနော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သွားရောက်မေးမြန်းရာက ဒီလက်နက်တွေကို သိမ်းဆည်းရမိတာပါ” လို့ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက သြစကြီးယားနိုင်ငံလုပ် GLOCK အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၅ တောင့်ပါ ကျည်အိမ်တပ်လျက်၊ ကျည် ၁၀ တောင့်ပါ ကျည်အိမ်တခု၊ ထိုင်းလိုင်စင်တပ် ကားတစီးနဲ့ ထိုင်းမှတ်ပုံတင်ကတ်တခုကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ဒုရဲမှူးကျော်စိုးက အတည်ပြုပြောပါတယ်။

လက်နက်နဲ့အတူ ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား အန်ဖိုင်ကို လက်နက်ဥပဒေ၊ လ.ဝ.က ဥပဒေ၊ သွင်းကုန်ထုတ်ကုန် ဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013