DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ ကျင်းပမည်
DVB
·
February 9, 2018
တတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ ကျင်းပမည်
Donate to DVB

ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ကူညီနိုင်ဖို့ ၂၀၁၈ ခုနှစ်အတွက် တတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ၃ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြည်ပက တင်သွင်းတဲ့ ဆေးဝါးတွေအကြောင်း သိရှိနားလည်ဖို့ အသိပညာပေးတာတွေနဲ့ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တွင်ကျယ်လာဖို့အတွက် ရည်ရွယ်လုပ်ဆောင်တဲ့ တတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲမှာ ဆီးချိုရောဂါနဲ့ သက်ဆိုင်တဲ့ အသိပညာပေးတာတွေနဲ့ ကင်ဆာရောဂါဆိုင်ရာ အသိပညာပေး ဟောပြောတာတွေ လုပ်ဆောင်သွားမှာပါ။

အဲဒီပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ ဆေးကုမ္ပဏီပေါင်း ၅၀ ကျော်ကနေ ပြခန်းပေါင်း ၁၂၀ မှာ ဆေးနဲ့ ဆေးပစ္စည်းတွေကို ပြသသွားမယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုက ၁၀ ရာခိုင်နှုန်းသာရှိပြီး ပြည်ပကနေ တင်သွင်းတဲ့ ဆေးဝါးက ၉၀ ရာခိုင်နှုန်းရှိ နေပါတယ်။ ပြည်ပကနေ ဆေးတင်သွင်းနေတဲ့ ကုမ္ပဏီပေါင်း ၈၀၀ ကျော်ရှိနေပြီး တနှစ်ကို ခန့်မှန်းခြေ ဒေါ်လာသန်းပေါင်း ၆၀၀ နီးပါးလောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013