DVB Logo
Home
မြန်မာသတင်း
အငှားယာဉ်ပေါ် လုယက်ခံရကြောင်း မမှန်သတင်းပေး တိုင်တန်းသူကို ထောင်ဒဏ် ၃ လ ချမှတ်
DVB
·
February 9, 2018
အငှားယာဉ်ပေါ် လုယက်ခံရကြောင်း မမှန်သတင်းပေး တိုင်တန်းသူကို ထောင်ဒဏ် ၃ လ ချမှတ်
Donate to DVB

အငှားယာဉ် ငှားရမ်းစီးနင်းလာစဉ် ယာဉ်ပေါ်မှာ လုယက်ခံရတယ်ဆိုပြီး ရဲစခန်းမှာ မမှန်သတင်းပေး တိုင်တန်းတဲ့ အမျိုးသမီးတဦးကို ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ် သရက်တော ကျောင်းတိုက်အနီးမှ ပန်းဆိုးတန်းကို သွားဖို့ မလှိုင်နှင်းဝေက အငှားယာဉ်တစီး ငှားရမ်းစီးနင်းခဲ့ရာ မော်တော်ယာဉ်ပေါ်မှာ လုယက်ခံရလို့ ကြည့်မြင်တိုင်ရဲစခန်းကို လာရောက်တိုင်တန်းတဲ့အမှုမှာ ဖြစ်စဉ်အမှန် မဟုတ်ဘဲ မမှန်သတင်းပေး တိုင်တန်းကြောင်း စစ်ဆေးပေါ်ပေါက်လို့ တိုင်တန်းသူအား အမှုဖွင့်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်းက ဧရာဝတီတိုင်း မအူပင်မြို့နယ်နေ မလှိုင်နှင်းဝေဟာ မိဘတွေနဲ့ ချိန်းထားလို့ ပန်းဆိုးတန်းကိုသွားဖို့ တက္ကစီတစီး ငှားရမ်းစီးနင်းလာခဲ့ရာ ယာဉ်မောင်းက ပန်းဆိုးတန်းကို မသွားဘဲ ကွေ့ပတ်မောင်းနှင်ကာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းလမ်းဆုံမှာ မီးပွိုင့်မီးနီလို့ မော်တော်ယာဉ် ရပ်ထားစဉ် အမည်မသိ အမျိုးသားတဦး ယာဉ်ပေါ်တက်လာပြီး သူ့ထံမှ ပိုက်ဆံအိတ်အား လုယူခဲ့တယ်၊ အမျိုးသားက လက်နှစ်ဖက်အား ဖမ်းချုပ်ပြီး ပါးစပ်ကို လက်နဲ့ပိတ်ကာ ယာဉ်မောင်းဆီက ကတ်ကြေး တောင်းယူပြီး အင်္ကျီကို ကတ်ကြေးနဲ့ ဖြဲခဲ့တယ်၊ ကြယ်သီးနှစ်လုံး ပြုတ်သွားပြီး ပိုက်ဆံအိတ် လုသွားခဲ့တယ်လို့ လာရောက်တိုင်တန်းလို့ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၃၅၄/၄၂၇ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သူမထံမှ VIVO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနဲ့ ငွေကျပ် ၅၀၃၀၀၀ ထည့်ထားတဲ့ ပိုက်ဆံအိတ် ပါသွားကြောင်း ပြောခဲ့လို့  ကြည့်မြင်တိုင် မြို့မရဲစခန်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာမှာ တိုင်တန်းသူ မလှိုင်နှင်းဝေရဲ့ ထွက်ဆိုချက်မှာ ရှေ့နောက် ညီညွတ်မှုမရှိဘဲ ကွဲလွဲနေကြောင်း၊ ငှားရမ်းစီးနင်းလာတဲ့ တက္ကစီ ယာဉ်ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ လမ်းကြောင်းတလျှောက်ရှိ မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးခဲ့ရာမှာလည်း အဆိုပါ ယာဉ်ဖြတ်သန်း မောင်းနှင်ခဲ့တဲ့ မှတ်တမ်းတွေ မတွေ့ရှိခဲ့ရကြောင်း စစ်ဆေးတွေ့ရှိရတယ်။

တိုင်တန်းသူ မလှိုင်နှင်းဝေအား အသေးစိတ် စစ်ဆေးခဲ့ရာ တိုင်တန်းတဲ့အမှုမှာ ဖြစ်စဉ်အမှန် မဟုတ်ဘဲ၊ သူ့မထံမှာ ငွေမရှိဘဲ မိဘတွေကို ပိုက်ဆံပေးမယ်လို့ ပြောဆိုပြီး ရန်ကုန်ကို လာရောက်ဖို့ ချိန်းဆိုပြောဆိုခဲ့ပြီးမှ မိဘတွေ ရန်ကုန်ရောက်ရှိစဉ် ပိုက်ဆံပေးစရာ မရှိလို့ အကြောင်းပြပြီး လိမ်လည်ကာ မမှန်မကန် သတင်းပေး တိုင်တန်းခဲ့ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းကို မမှန်မကန် သတင်းပေး တိုင်တန်းသူ မလှိုင်နှင်းဝေကို ကြည့်မြင်တိုင် မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၁၈၂ နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ရာကြီးအမှတ် ၇၉/၁၈ နဲ့ လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ မလှိုင်နှင်းဝေကို အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Photo : Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013