DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေး သေဆုံးမှုဖြင့် ဖမ်းထားသူ ၃ ဦးကို ရုံးထုတ်၊ လိုပြသက်သေ မလာရောက်
DVB
·
February 8, 2018
အောင်ရဲထွေး သေဆုံးမှုဖြင့် ဖမ်းထားသူ ၃ ဦးကို ရုံးထုတ်၊ လိုပြသက်သေ မလာရောက်
Donate to DVB

လူမှုကွန်ရက်စာမျက်နှာမှာ ဟာသဗွီဒီယိုတွေနဲ့ လူသိများလာတဲ့ ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းထားသူ ၃ ဦးကို  အရှေ့ပိုင်းခ&dkင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာမှာ လိုပြသက်သေမလာတာကြောင့် ဆင့်ခေါ်စာအတည်မဖြစ်ခဲ့ဘဲ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။

သေဆုံးသူ အောင်ရဲထွေးကို ရိုက်နှက်ခဲ့တဲ့ သန်းထွဋ်အောင် (ခ)သားကြီး၊ ကျော်ဇောဟန်(ခ) ကျော်ဇောနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးဆိုသူတို့ကို ဇန်နဝါရီလ ၄ ရက်နေ့က မိဘတွေက သင်္ကန်းမြို့နယ်၊ သုဝဏ္ဏ နယ်မြေရဲစခန်းမှာ လာရောက်အပ်နှံခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ သန်းထွဋ်အောင်(ခ)သားကြီးရဲ့ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနဲ့  သင်္ဃန်းကျွန်း မြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ ၃ ဦးက ဇန်နဝါရီ ၁ ရက်နေ့ မနက် ၃ နာရီလောက်က The One Entertainment ဝင်းတွင် ပြုလုပ်တဲ့ The Space ပါတီပွဲရောက်ရှိစဉ် VVIP စင်ပေါ်မှာ ကခုန်နေတဲ့ အမျိုးသားက အရင်ကခိုက်ရန်ဖြစ်ခဲ့ဖူးတဲ့ တစ်ဦးဖြစ်တဲ့အတွက် ဒေါသဖြစ်ကာ စင်ပေါ်တက်ပြီး သူတို့သုံးဦး မှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်နဲ့ ကန်ကြောက်ခဲ့တာကြောင့် လဲကျသွားခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးဟာ ဒဏ်ရာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသခဲ့ရာမှ ဇန်နဝါရီ ၂ ရက်မှာ သေဆုံးသွားတာဖြစ်ပါတယ်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးဟာ ဒဏ်ရာရရှိပြိး ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ တက်ရောက် ကုသခဲ့ရာ ဇန်နဝါရီ ၂ ရက်၊ ၂ နာရီ၊ ၃၅ အချိန်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် ၃ ဦးအား ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂ နဲ့ တရားဆွဲဆိုထားပါတယ်။

ရဲထွေးအောင်(ခ)အောင်ရဲထွေးဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး ဟာသဗွီဒီယိုတွေနဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ လူသိများလာရာကနေ ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေသောသူတဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013