DVB Logo
Home
မြန်မာသတင်း
ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖမ်းဆီး အရေးယူ
DVB
·
February 8, 2018
ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖမ်းဆီး အရေးယူ
Donate to DVB

အမျိုးသမီးတွေကို မဖွယ်မရာ လုပ်တယ်ဆိုပြီး အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုကို  ရာဇသတ်ကြီးပုဒ်မ ၃၅၄/၅၀၆ ကာယိနြေ္ဒပျက်စီးစေမှု၊ ခြိမ်းခြောက်မှုတို့နဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၃ ဇန်နဝါရီလမှာ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တဦးဟာ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို (၃၅-နှစ်)ရဲ့  ဗေဒင်ဟောခန်းမှာ ဗေဒင်မေးချိန်မှာ အောင်ချစ်ပိုက မဖွယ်မရာ လုပ်ခဲ့တာလို့ ဆိုပါတယ်။

သူငယ်ချင်းဖြစ်သူနဲ့  သွားရောက်ဗေဒင်မေးစဉ် အောင်ချစ်ပိုက ပါလာတဲ့ သူငယ်ချင်းကို အပြင်ကို ထွက်ခိုင်းပြီး စာမေးပွဲအောင်ဖို့၊  အချစ်ရေး အောင်မြင်ဖို့အတွက် ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမှ စွမ်းမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ဗေဒင်ဆရာက အမျိုးသမီးရဲ့ ရင်သားကြားကို ရွှေရုပ်အဆောင် ယတြာထည့် ကိုင်တွယ်ခဲ့တယ်၊ ဆီမန်းမလိမ်းပါက စာမေးပွဲကျမယ်လို့  အယုံသွင်း ခြိမ်းခြောက်ပြီး ရင်သားနဲ့  မိန်းမကိုယ်ကို လက်နဲ့ ကိုင်တွယ် ဆီမန်းလိမ်းပေးခဲ့တယ်ဆိုပြီး ကာယကံရှင် အမျိုးသမီးက လာတိုင်လို့ ဖမ်းဆီးခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကာယကံရှင် အမျိုးသမီးက စမ်းချောင်းမြို့မရဲစခန်းမှာ လာရောက်တိုင်ကြားလို့ အောင်ချစ်ပိုကို ရဲက ဖမ်းပြီး  အမှုဖွင့် စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဗေဒင်ဆရာ အောင်ချစ်ပို ဆိုသူဟာ ဗေဒင်လာမေးတဲ့ အမျိုးသမီးတွေကို အလားတူ မဖွယ်မရာ လုပ်တယ်ဆိုပြီး မကြာသေးခင်က အွန်လိုင်းပေါ်မှာ ကာယကံရှင် အမျိုးသမီးတွေက ရေးသား ဝေမျှနေခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013