DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 8, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၅၄,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၄၀,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၉,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၅၆၅ ကျပ်ကနေ ၁,၈၃၀ ကျပ် ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၆၀၀ ရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၅၀ ကျပ်ကနေ ၆၀၀ ကျပ် ရှိပါတယ်။

စီပီပြောင်း
လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၅၃၀ ကျပ်ကနေ ၅၇၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။

ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ က ၁ တန်ကို ၂၆၆,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၈၇,၀၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၄၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ဖရဲသီး ၈၅၅ ကတော့ ဈေးကျဆင်းနေပါတယ်။ ပုံမှန် တရုတ်နှစ်သစ်ကူး နီးလာတာနဲ့အမျှ ဈေးတက်လာပေမယ့် ဒီနှစ်မှာတော့ နှစ်ကူးနီးလာပေမယ့် ဈေးက ကျဆင်းနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ စေ့ဉ် ဖရဲသီးကား ၄၀၀ နီးပါး အဝင်ရှိပြီး ပုံမှန်အရောင်းအဝယ် ရှိနေပေမယ့် ဈေးက တက်မလာဘဲ ကျဆင်းသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့နှစ်က ဖရဲသီး ၁ တန်ကို ၄ သိန်းနီးပါး ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ၃ သိန်းနီးပါးသာ ဈေးရရှိနေပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013