DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ပေါက်ဖွားလာသည့် ပြည်ခိုင်ဖြိုးလိုပါတီကို အပြစ်တင်တာ မှားယွင်းဟု ပါတီခေါင်းဆောင်ပြော
DVB
·
February 8, 2018
တပ်မတော်က ပေါက်ဖွားလာသည့် ပြည်ခိုင်ဖြိုးလိုပါတီကို အပြစ်တင်တာ မှားယွင်းဟု ပါတီခေါင်းဆောင်ပြော
1 / 3
Donate to DVB

တပ်မတော်လို အဖွဲ့အစည်းမျိုး၊ တပ်မတော်ကနေ စတင်ပေါက်ဖွားလာတဲ့ ပြည်ခိုင်ဖြိုးလို အဖွဲ့အစည်းမျိုးကို အပြစ်တင်တာ မှားယွင်းတယ်လို့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့၊ မြို့တော်ခန်းမမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်တဲ့ ပါတီဗဟို အလုပ်မှုဆောင် ကော်မတီဝင်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပါတီလူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောသွားတာပါ။

စိတ်ဓာတ်ညံ့တဲ့သူတွေ၊ ရည်ရွယ်ချက် ပြတ်ပြတ်သားသားမရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ကိုယ်စွမ်းကိုယ်စ ကိုယ့်မှာရှိတဲ့ စွမ်းရည်သတ္တိတွေကို ယုံကြည်မှုမရှိတဲ့သူတွေကတော့ ကိုယ်မအောင်မြင်တိုင်း ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတယ်။ လူများကို အပြစ်တင်တယ်။ ကြိုးစားချင်စိတ် မရှိတဲ့သူတွေက မိမိတွင်းတူး ညံ့နေတဲ့ဥစ္စာကို အစိုးရကို လွယ်လွယ်ကူကူ အပြစ်တင်တတ်တယ်။ ပတ်ဝန်းကျင်ကို အပြစ်တင်တတ်တယ်။ ဒါပေမယ့် အပြစ်တင်တာဟာ အုပ်စိုးသူ လူတန်းစား အထူးသဖြင့် အုပ်စိုးသူ လူတန်းစားထဲမှာ တပ်မတော်လို အဖွဲ့အစည်းမျိုး၊ တပ်မတော်ကနေ စပြီးတော့ ပေါက်ဖွားလာတဲ့ ပြည်ခိုင်ဖြိုးလို အဖွဲ့အစည်းမျိုး၊ ဒါကို အပြစ်တင်တယ်။ မှားတယ်လို့  ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

ဒါ့အပြင် လူငယ်နဲ့ပတ်သက်လို့ ပြောဆိုရာမှာ “လူငယ်တွေရဲ့ အခြေခံအားသာချက်တွေက ရိုးသားတယ်။ ပွင့်လင်းတယ်။ စွန့်စားချင်တဲ့ စိတ်ဓာတ်ရှိတယ်။ မဟုတ်တာ မတရားတာကို မကြိုက်ဘူး။ စမ်းသပ်ချင်တယ်။ နားလည်အောင် ပြောရရင် ဘာကိုမဆို လက်တည့်စမ်းချင်တယ်။ အဲဒါတွေက လူငယ်တွေမှာရှိနေတဲ့ အားမာန်တွေပဲ။ သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ”လို့လည်း လူငယ်တွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါသေးတယ်။

ဒီတွေ့ဆုံပွဲကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးသက်နိုင်၊ ဦးမြင့်စိုး၊ ဒေါက်တာနန္ဒာလှမြင့်၊ ဦးအောင်မြဦးတို့ တက်ရောက်ခဲ့ပြီး ရပ်/ကျေး လူငယ်ရေးရာ အဖွဲ့ဝင်တွေ၊ မြို့နယ်ပါတီခေါင်းဆောင်တွေ၊ တိုင်းလူငယ်ရေးရာ တာဝန်ခံတွေက ပါတီ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပါတီဗဟိုကော်မတီဝင် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်စိုးနဲ့ ပါတီခေါင်းဆောင် ဦးသန်းဌေးတို့က လမ်းညွှန်အမှာစကားတွေ ပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ တိုင်းအတွင်းက ပါတီဝင် ၁၀၀၀ ခန့် တက်ရောက်ခဲ့ပြီး နာဂ၊ ကဒူး၊ ကနန်း၊ ချင်း၊ ရှမ်း၊ ကချင် စတဲ့ တိုင်းရင်းသားရိုးရာ အကတွေနဲ့လည်း ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013