DVB Logo
Home
မြန်မာသတင်း
FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ရုံးထုတ်၊ လုံခြုံရေးတင်းကျပ်
DVB
·
February 8, 2018
FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ရုံးထုတ်၊ လုံခြုံရေးတင်းကျပ်
Donate to DVB

FDA ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံကို ဖေဖော်ဝါရီ ၈ ရက်နေ့က ရုံးထုတ်ခဲ့တဲ့နေရာမှာ မီဒီယာနဲ့ ဆန္ဒပြသူတွေကို ရှောင်ရှားပြီး ရုံးထုတ်ခဲ့ပြီး လုံခြုံရေး တင်းကျပ်စွာ ချထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ တရားခံ အငှားယာဉ်မောင်း မျိုးဇော်ဦးရဲ့ ရုံးထုတ်နေ့မှာ မုဒိမ်းမှုတွေ သေဒဏ်ပေးရေး လှုပ်ရှားနေတဲ့ အမျီူးသမီးအဖွဲ့တွေက တရားဝင် ဆန္ဒထုတ်ဖော်ဖို့ စောင့်ဆိုင်းနေခဲ့ကြပြီး လုံခြုံရေးအင်အားကိုလည်း သာမန် ရုံးချိန်းတွေထက် ပိုချထားတာကို တွေ့ရပါတယ်။

“ကျမတို့က လူသတ်မုဒိမ်းနဲ့ မုဒိမ်းမှုမှန်သမျှကို သေဒဏ်ပေးဖို့ တောင်းဆိုသွားမှာပါ။ တရားစီရင်ရေးမှာ ပြုပြင်ပြောင်းလဲဖို့အတွက်ကိုလည်း လွှတ်တော်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်လုပ်ဆောင်သွားပါမယ်။ ကျမတို့အဖွဲ့ကိုလည်း တရားဝင်ဖွဲ့ဖို့ လုပ်ဆောင်သွားမှာပါ”လို့ မုဒိမ်းမှုများ သေဒဏ်ပေးရေး လှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားနေတဲ့ မတင်သန္တာက ပြောပါတယ်။

ဒီရုံးထုတ်မှာ မုဒိမ်းမှုကို သေဒဏ်ပေးဖို့ ကမ်ပိန်းအနေနဲ့ ပြည်သူတွေကို ပညာပေးစာရွက်တွေ ဝေငှတာတွေနဲ့  တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအမူကို စိတ်ဝင်စားတဲ့ ပြည်သူတွေကလည်း ရုံးထုတ်ကို လာရောက်ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။

စမ်းချောင်းမြို့နယ်က ပြည်သူတဦးက “ဒီမုဒိမ်းကောင် မျက်နှာကို မြင်ချင်လို့ကို လာခဲ့တာ။ အခု တရားရုံးနောက်ပေါက်က ထွက်သွားတယ် ပြောတယ်။ ဒီအမှုကို သေဒဏ်ပေးဖို့လည်း တောင်းဆိုချင်တယ်။ ကိုယ့်မှာလည်း သမီးပျိုလေးတွေ ရှိတော့လေ” လို့ ပြောပါတယ်။

ဒီလို တရားခံကို လူသိမခံဘဲ ရုံးထုတ်သွားတာဟာ မီဒီယာနဲ့ ပြည်သူတွေကို လှည့်စားတာပဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီ FDA ဝန်ထမ်းအမျိုးသမီး မရွှေရည်ဝင်း အသတ်ခံရတာနဲ့ပတ်သင်ပြီး တရားခံ မျိုးဇော်ဦးကို မြောက်ဒဂုံမြို့မရဲစခန်း က(ပ) ၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂ (လူသတ်မှု) နဲ့ အမှုဖွင့်ကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ခရိုင် ၄ ခရိုင် ပူးပေါင်းစုံစမ်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013