DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ပထမဆုံး တက္ကသိုလ်တခု ဖွင့်လှစ်မည်
DVB
·
February 8, 2018
မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ပထမဆုံး တက္ကသိုလ်တခု ဖွင့်လှစ်မည်
Donate to DVB

နေပြည်တော်မှာ အသက်မွေးဝမ်းကျောင်းပညာပေါင်းစုံ၊ လုပ်ငန်းခွင် အတတ်ပညာပေါင်းစုံ သင်ကြားပေးမယ့် Comprehensive University တခု ဖွင့်ပေးဖို့ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ပြည်သူ့လွှတ်တော်မှာ ပြောခဲ့တာဖြစ်ပြီး တက္ကသိုလ်ဖွင့်ဖို့  မြေနေရာရရှိဖို့အတွက် နေပြည်တော်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ နေပြည်တော်ပတ်ဝန်းကျင်ဒေသရှိ ကျောင်းသား၊ ကျောင်းသူများနဲ့ အသက်မွေးဝမ်းကျောင်း ပညာကို သင်ယူလိုကြတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာသင်ယူရေးကို အထောက်အကူ ဖြစ်စေရန်အတွက် အတတ်ပညာပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ၊ အသက်မွေးဝမ်းကျောင်းပညာပေါင်းစုံ၊ လုပ်ငန်းခွင် အတတ်ပညာပေါင်းစုံ အစရှိတဲ့ ဒေသရဲ့ လိုအပ်ချက်ကို ကိုက်ညီဖြည့်ဆည်းပေးနိုင်မယ့် Comprehensive University တခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါတယ်။”

ဓနုဖြူမဲဆန္ဒနယ်က ဦးတင်လှရဲ့ နေပြည်တော်မှာ အဆင့်မြင့်တက္ကသိုလ်တခုကို နိုင်ငံ့လိုအပ်ချက်၊ မြို့တော်အင်္ဂါရဲ့ လိုအပ်ချက်နဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်အားလျော်စွာ ဖွင့်လှစ်တည်ထောင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက Comprehensive University နဲ့ လိုက်လျောညီထွေမှုရှိမယ့် မြေနေရာအကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်မှု၊ မြေနေရာအခြေအနေပေးမှု အစရှိတဲ့ အင်္ဂါရပ်များနဲ့ ပြည့်စုံတဲ့ နေရာရရှိဖို့ နေပြည်တော်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြေနေရာသတ်မှတ်ပြီးပါက တက္ကသိုလ်ဖွင့်လှစ်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်သွားမယ်၊ တက္ကသိုလ်ဖွင့်ဖို့ လိုအပ်တဲ့ဘဏ္ဍာငွေကို တွက်ချက်တင်ပြသွားမှာဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရတဲ့ အချိန်ကစလို့ တက္ကသိုလ်တည်ထောင်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်မယ်လို့လည်း လွှတ်တော်ထဲ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း နေပြည်တော်မှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တခု တည်ထောင်ဖွင့်လှစ်ဖို့ တောင်ကိုရီးယားနိုင်ငံ ပညာရေးဌာနနဲ့ နေပြည်တော်ကောင်စီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013