DVB Logo
Home
မြန်မာသတင်း
ဖောင်ကူး-အင်ဒိုင်းကြီးလမ်းပိုင်း ချဲ့ထွင်ဖောက်လုပ်မှု ဒေသခံအချို့ ဝေဖန်
DVB
·
February 7, 2018
ဖောင်ကူး-အင်ဒိုင်းကြီးလမ်းပိုင်း ချဲ့ထွင်ဖောက်လုပ်မှု ဒေသခံအချို့ ဝေဖန်
Donate to DVB

ကလေးမြို့နဲ့ တမူးကားလမ်းပိုင်းမှာ ပါဝင်တဲ့ ဖောင်ကူးနဲ့ အင်ဒိုင်းကြီးရွာ ကတ္တရာလမ်း ချဲ့ထွင်မှုမှာ လုပ်ငန်းမပြီးဆုံးခင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ဝေဖန်မှုအချို့ ခံနေရတယ်လို့ လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

လမ်းပိုင်း တာဝန်ယူထားတဲ့ အငယ်တန်းအင်ဂျင်နီယာကိုဝေမွန်ဦးက “ကျနော်တို့ လမ်းချဲ့လုပ်ငန်းက မပြီးသေးပါဘူး။ အခြေခံကျောက်လွှာ နှစ်လွှာခင်းပြီး ကတ္တရာခင်းဖို့ လုပ်ငန်းအတွက် ပစ္စည်းစုဆောင်းနေတာ ၁ ပတ်လောက် ကြာသွားတယ်။ အဲဒီမှာ လုပ်သားတွေလည်း မမြင်တော့ ဒါကို လမ်းက ပြီးပြီထင်ပြီး ဝေဖန်ကြတာလို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့က နောက်ဆုံး ကတ္တရာခင်းပြီး ကျောက်မှုန့် မဖြန့်နိုင်ခင် လမ်းသွားလာတွေ အဆင်ပြေဖို့ ယာယီသဲကြမ်းခင်းထားတာကို ဝေဖန်ခံရတာပါ။ ခုပ်ငန်းလည်း ပြန်စနေပါပြီ။ ခဏဖြန့်ထားတဲ့ သဲကြမ်းတွေဖယ် လေမှုတ်ထုတ်ပြီး ကတ္တရာထပ်ပိုးနေပါပြီ” လို့  ပြောပါတယ်။

ကလေးနယ် ဖောင်ကူး-အင်ဒိုင်းကြီးလမ်းပိုင်း ၂ မိုင် ၄ ဖာလုံအရှည်ကို မူလလမ်းသား ၁၂ ပေကနေ ၁၈ ပေချဲ့ထွင်ဖို့အတွက် ၁ မိုင် ၂ ဖာလုံ လမ်းပိုင်းကို တိုင်းဒေသကြီး ရန်ပုံငွေ ၉၉ သန်း အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

“ကတ္တရာလမ်း တိုးချဲ့လုပ်ငန်းကို ၂၀၁၇ အောက်တိုဘာ ၂၀ ရက်ကနေ စတင်ကာ ခန့်မှန်းပြီးဆုံးချိန်ကို အခုနှစ် ၁ လပိုင်း ၃၀ ရက်လို့ ဆိုင်းဘုတ်ထောင်ထားတဲ့အတွက်  ၃၀ ရက်နားမှာ ခဏနားတဲ့အချိန်နဲ့ တိုက်ဆိုင်တော့ ပြီးပြီအထင်နဲ့ လမ်းကွာလတီကို ဝေဖန်ခံရတဲ့ ပုံစံပါ။ လမ်းလုပ်သားတွေလည်း အရင်လို အင်နဲ့ အားနဲ့ မမြင်ရတော့လည်း ပြီးပြီထင်ကြတာပေါ့” လို့ ကိုဝေမွန်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကတ္တရာထပ်ပိုးခြင်းနဲ့ ကျောက်မှုန့်ဖြူးခြင်းလုပ်ငန်းကို ဖေဖော်ဝါလ ၃ ရက်နေ့မှာ ပြန်လည်စတင်နေပြီး ၆ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု ၂ ဖာလုံ ကျော်နေပြီဖြစ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013