DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီ ပြန်လည်နေရာချထားရေးလုပ်ငန်း နိုင်ငံတကာသံတမန်အဖွဲ့ သွားရောက် လေ့လာ
DVB
·
February 7, 2018
ဘင်္ဂါလီ ပြန်လည်နေရာချထားရေးလုပ်ငန်း နိုင်ငံတကာသံတမန်အဖွဲ့ သွားရောက် လေ့လာ
1 / 5
Donate to DVB

ပြည်ထောင်စုအစိုးအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က သံအမတ်ကြီးတွေပါဝင်တဲ့ နိုင်ငံတကာသံ အဖွဲ့ဟာ မနေ့က  ရဟတ်ယာဉ်တွေနဲ့ မောင်တောမြို့ကို ရောက်ရှိလာပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လှဖိုးခေါင်ကျေးရွာကို သွားရောက်လေ့လာကြရာ တဆောင်မှာ ၆ ဦး နေထိုင်နိုင်တဲ့ ၈ ခန်းတွဲ အဆောက်အအုံ ၁၅၉ လုံး အခြေအနေ၊ ယာယီတဲတွေ အပါအဝင် အဆောက်အအုံ တည်ဆောက်နေတဲ့ အနေအထားအရ လူဦးရေ ၈၀၀၀ လောက် နေထိုင်နိုင်တဲ့ အခြေအနေ လျှပ်စစ်မီး ရရှိတဲ့ အခြေအနေတွေကို တာဝန်ရှိသူတဦးက ရှင်းပြခဲ့ပါတယ်။

အဲဒီနောက် ငါးခူရ၊ တောင်ပြိုလက်ဝဲ နေရာတွေကို ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာသွားကြပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးတံတားနဲ့ ပြန်လည်လက်ခံရေး စင်တာတွေ အဆင်သင့် ပြီးစီးနေမှုတွေကို လေ့လာကြပြီး နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးအနီး ကွင်းပြင်မှာ ယာယီတဲတွေ ဆောက်လုပ် နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာ မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်ပြီးစီးတဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

သတင်း - အောင်ကျော်မင်း(မောင်တော)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013