DVB Logo
Home
မြန်မာသတင်း
ဥပဒေနှင့် တရားမျှတအောင် မဆောင်ရွက်နိုင်ပါက လူထုအုံကြွနိုင်ဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
February 7, 2018
ဥပဒေနှင့် တရားမျှတအောင် မဆောင်ရွက်နိုင်ပါက လူထုအုံကြွနိုင်ဟု ဦးဖြိုးမင်းသိန်းပြော
Donate to DVB

ဥပဒေနဲ့ တရားမျှတအောင် မဆောင်ရွက်နိုင်ရင် လူထုအုံကြွတာ ဖြစ်လာနိုင်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ဒီမနက် ကျောက်တန်းမြို့နယ်မှာ ပြုလုပ်တဲ့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

တရားဥပဒေစိုးမိုးရေး ခိုင်မာလာမှ ပြည်သူလူထုရဲ့ ယုံကြည်မှုရမှာဖြစ်ပြီး လုံခြုံမှုမရရင် အုံကြွတာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

"ဒီနေရာမှာ လူတွေက အုံကြွလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေနဲ့အညီ မဖြစ်တော့ဘူး၊ တရားစီရင်ရေးမဏ္ဍိုင်က ငါတို့ကို ဘာမှ ကာကွယ်မပေးနိုင်တော့ဘူး၊ ငွေများ ငွေနိုင် ဖြစ်နေတယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်သွားလို့ မရပါဘူး။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဌာနဆိုင်ရာတွေအနေနဲ့ ဥပဒေတွေကို ဥပဒေနဲ့အညီဖြစ်အောင် ကိုင်တွယ်ကြဖို့နဲ့ ဥပဒေဟာ ပြည်သူနဲ့ အုပ်ချုပ်ရေးဘက်မှာ ရှိနေသူတွေကြားမှာ စည်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်ဟာ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကြည့်ရှုခဲ့သလို သန်လျင် တိုးဂိတ် တည်​ဆောက်မယ့်နေရာကိုလည်း ကြည့်ရှုခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် သန်လျင်မြို့နယ်၊ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ တွေ့ဆုံပြီး သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာလည်း ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Photo : Yangon Region Government

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013