DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအတွင်း ငလျင်များ လှုပ်နေသည်မှာ ၅ ရက်ဆက်တိုက်ရှိ
DVB
·
February 7, 2018
မြန်မာနိုင်ငံအတွင်း ငလျင်များ လှုပ်နေသည်မှာ ၅ ရက်ဆက်တိုက်ရှိ
Donate to DVB

ကလေးမြို့နားမှာ ဒီနေ့ မနက်အစောပိုင်းက ငလျင်ငယ်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့၊ မနက် ၂ နာရီခွဲလောက်က ဟားခါးမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်အကွာ၊ ကလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်၊ မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်က ထိုင်ဝမ်နိုင်ငံမှာ ရစ်(ခ်)တာစကေး ၆ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းထန်တဲ့  မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာရရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ဖြူးမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါသေးတယ်။

ဒီရက်ပိုင်းတွေမှာပဲ ဖေဖော်ဝါရီ ၄ ရက်က ဒေးဒရဲမြို့နားမှာ ရစ်(ခ်)တာစကေး ၄ အဆင့် ငလျင်တခု၊ ဖေဖော်ဝါရီ ၃ ရက်က တာချီလိတ်မြို့နားမှာ ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တွေ လှုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - မိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013