DVB Logo
Home
မြန်မာသတင်း
အနာဂတ် မြန်မာပြည်နှင့်ကိုက်ညီမည့် အခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမည်ဟု သမ္မတပြော
DVB
·
February 7, 2018
အနာဂတ် မြန်မာပြည်နှင့်ကိုက်ညီမည့် အခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမည်ဟု သမ္မတပြော
Donate to DVB

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ဖြစ်ပေါ်လာမယ့် အနာဂတ် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရေး  ဆက်လက်ကြိုးပမ်းမယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၇ဝ ရှိခဲ့ပြီဖြစ်ပေမယ့် လွတ်လပ်ရေးနဲ့အတူ တပြိုင်တည်း ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးတွေကြောင့် မြန်မာပြည်သူတို့ရဲ့ဘဝမှာ လွတ်လပ်ရေးရဲ့ အရသာကို ပြည့်ပြည့်ဝဝ မခံစားကြရဘဲ ယနေ့အထိ အပြည့်အဝ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်ပွဲတွေရဲ့ ဆိုးဒဏ်တွေကို ရင်ဆိုင်ခံစားနေကြရဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိဖို့အတွက်  ညီညီညွတ်ညွတ် ကြိုးပမ်းဖော်ဆောင်သွားကြဖို့လည်း သမ္မတ ဦးထင်ကျော်က တိုက်တွန်းပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားတွေဟာ တောင်တန်းဒေသက ချင်း၊ ကချင်တို့နဲ့အတူ ပြည်မနဲ့ အတူတကွ လွတ်လပ်ရေး ရယူမယ်လို့ ဆုံးဖြတ်နိုင်ခဲ့တဲ့နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် ကျင်းပလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013