
ဖက်ရှင်မဂ္ဂဇင်းမြန်မာက စီစဉ်ထုတ်လုပ်လိုက်တဲ့ ၂၀၁၈ ခုနှစ် ပြက္ခဒိန်ဟာ လတ်တလော အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ဝေဖန်မှု၊ ချီးကျူးမှုတွေနဲ့အတူ ရေပန်းစား လူပြောများနေခဲ့ပါတယ်။
ဒီပြက္ခဒိန်ထဲမှာတော့ ခြူးပြည့်အိမ်စည်၊ မဟေသီ၊ မိုးယမုန်တို့ အပါအဝင် မျက်နှာသစ် မော်ဒယ်တွေကို အသုံးပြုထားပြီး သူတို့တွေရဲ့ အပေါ်ပိုင်း ရင်သားအလှ ပေါ်လွင်အောင် ရိုက်ကူးထားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။
ဒီပုံတွေကို ဖက်ရှင်မဂ္ဂဇင်းမြန်မာရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မျှဝေခဲ့တာဖြစ်ပြီး သဘောကျ နှစ်သက်သူ ၃ သောင်းလောက် ရှိနေခဲ့ပြီဖြစ်ကာ ပြန်လည်မျှဝေသူ ၆ ထောင်နီးပါး ရှိနေခဲ့တာပါ။
ခုလို ရိုက်ကူးမှုအပေါ် ဝေဖန်မှတ်ချက်တွေလည်း မြင့်တက်နေပြီး တချို့က “အဲဒီလောက် လိုလို့လား၊ စိတ်ပျက်စရာ”စသည်ဖြင့် မှတ်ချက်ချခဲ့ကြတာ တချို့ကလည်း “ဒါ မြန်မာနိုင်ငံ၊ နိုင်ငံမှားနေတာ ထင်တယ်” စသည်ဖြင့် မှတ်ချက်တွေ ရေးခဲ့ကြတာကို တွေ့ရပါတယ်။
ဓာတ်ပုံ - Fashion Magazine










