DVB Logo
Home
Lead Story
ဂိုးတွေသွင်းပြချင်တယ် - ချင်းရိုင်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် မေးမြန်းချက် (ရုပ်သံ)
DVB
·
February 6, 2018
ဂိုးတွေသွင်းပြချင်တယ် - ချင်းရိုင်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် မေးမြန်းချက် (ရုပ်သံ)
Donate to DVB



ထိုင်းပရီးမီးယားလိဂ် ၂၀၁၈ ဘောလုံးရာသီ  League 1 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ချင်းရိုင်ယူနိုက်တက်ကလပ်အသင်းက တိုက်စစ်မှူး ကျော်ကိုကို,ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ထိုင်းလိဂ်က ဇန်နဝါရီ ၉ ရက်နေ့မှ စမယ်လို့ သိရတယ်။ အခု နားရက်ပေးလိုက်တာက နည်းပြနဲ့ ဘယ်လိုပြောပြီး နားရက်ပေးလိုက်တာလဲခင်ဗျ။ ဘာကိစ္စရှိလို့ ခဏပြန်လာတာလဲ။

ဖြေ - "နားရက်ပေးလိုက်တာ မဟုတ်ဘူး။ ACL အာရှချန်ပီယံလိဂ် ကွာလဖိုင်း ရှန်ဟိုင်းအသင်းနဲ့ ကစားဖို့ အယောက် ၂၀ စာရင်း ထုတ်လိုက်တဲ့အချိန်မှာ ကျနော် မပါဘူး။ ကျနော် ဟိုမှာနေတာက ပွဲတွေကစားရမယ်။ ချန်ပီယံလိဂ် ကစားရမယ်။ သူတို့မှာရှိတဲ့ ချန်ပီယံ Cup တွေ ကစားရမယ်ဆိုပြီး ကျနော် Over stay နေခဲ့တာပေါ့။ တကယ်တမ်းဆိုရင် ကျနော့်မှာ ဗီဇာမရသေးဘူး။ အဲဒီအတွက် Over stay နေပြီးတော့ပဲ ကျနော် ကစားရမယ်ထင်ပြီး နေခဲ့တာပေါ့။ နောက်ဆုံး ACL Registered list ထဲမှာ ကျနော် မပါတော့ ဒီမှာလည်း over stay ဖြစ်နေပြီ၊ ဗီဇာသွားလျှောက်ဖို့ လိုနေပြီ၊ ဗီဇာလျှောက်လိုက်ဦးမယ်ဆိုပြီးတော့ ကျနော် ခွင့်တောင်းပြီး ပြန်လာတာ။”

မေး - ကိုကျော်ကိုကိုအနေနဲ့ AFC ခြေစစ်ပွဲမှာ မကန်ရသေးပေမယ့် ဒီရာသီခြေစွမ်းပွဲမှာ နှစ်ပွဲလောက်ကန်တာ တွေ့ရတယ်။ အဲဒီပွဲမှာရော ကိုယ့်ရဲ့ခြေစွမ်းကို အားရကျေနပ်မှုရှိလား။ နည်းပြကရော ကိုကျော်ကိုကိုရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်တာတွေ လုပ်ခဲ့ဖူးလဲ။

ဖြေ - “သူတို့က Pre-season Cup ဆိုတော့ လူစားသုံးမှုအပေါ်မှာ သိပ်ပြီးတော့ သဘောမကျဘူး။ ကျနော်ကတော့ ပွဲချိန်ပြည့်ကစားပြီးတော့ ကိုယ့်ရဲ့ Performance ကို အပြည့်အဝ ပြချင်တယ်။ အထူးသဖြင့် ဂိုးတွေ သွင်းပြချင်တယ်။ ဒီ့ထက်ပိုပြီးတော့ လုပ်ပြချင်တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျနော် လုပ်ပြနိုင်တဲ့ အခွင့်အရေး မရခဲ့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူတွေကို စမ်းသပ်နေတဲ့အချိန်မှာ မိနစ်က အနည်းငယ်အပိုင်းအခြားပဲ ကစားရတဲ့ ပွဲမျိုးလေး ဖြစ်နေတော့ ကျနော် အကောင်းဆုံး မလုပ်ပြနိုင်ခဲ့ဘူးပေါ့နော်။"

မေး - ကိုကျော်ကိုကိုအနေနဲ့ရော တရာသီလုံးအတွက် ပြောင်းရွှေ့ကစားမှာဆိုတော့ အချိန်တွေအများကြီး ရှိတယ်။ နောက်လာမယ့်ပွဲတွေမှာတော့ ကိုကျော်ကိုကိုအနေနဲ့ ပွဲထွက်ခွင့်ရဖို့၊ နည်းပြရဲ့ စိတ်ကြိုက်ပုံစံရဖို့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ ယုံကြည်မှုရှိလား။

“ရှိပါတယ်။ အခု သူသုံးနေတဲ့ ကျနော်နဲ့ နေရာတူ ဘရာဇီး နှစ်ယောက်၊ နံပါတ် ၁၁၊ ရှေ့ နောက်ပေါ့။ သူက ပလေယာကောင်းတယောက်ပါပဲ။ သူ့ရဲ့ Performance က အကုန်ပဲပေါ့နော်။ သူ့ရဲ့ Performance အကုန်နဲ့ ကျနော်လုပ်နိုင်တဲ့ အနေအထားကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကျနော်က ပိုပြီးတော့ နေရာနဲ့ အလုပ်လုပ်နိုင်တဲ့ လူတယောက် ဖြစ်တဲ့အတွက် ကျနော် အဲဒီတယောက်ကို ကြည့်ခြင်းအားဖြင့် ကျနော် သူ့ကို ဖိုက်နိုင်တယ်။ ပြည်တွင်း local တယောက်အနေနဲ့ သူနဲ့ ကျနော် နှိုင်းယှဉ်ကြည့်ရင်တော့ ကျနော် ဖိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ပြောလို့ရတယ်။ ကျနော့်အနေနဲ့ အချိန်ပဲလိုတယ်။ အချိန်ရလာတာနဲ့အမျှ၊ ကျနော် အဲဒီမှာ အထိုင်ကျသွားတာနဲ့အမျှ နေရာတခုတော့ ရသွားမှာပါ။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဂိုးတွေသွင်းပြချင်တယ် - ချင်းရိုင်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် မေးမြန်းချက် (ရုပ်သံ)