DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 6, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၁ အိတ်ကို ၅၂,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ မတ်ပဲအသစ်က ၁ အိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီကလည်း ၁ အိတ်ကို ၄၀,၇၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲခြင်း မရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၄,၀၀၀ ကျပ်ကနေ ၃၉,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၆၄,၈၀၀ ကျပ်ကနေ ငွေကျပ် ၇၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၃,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၁,၈၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ ပိဿာကို ၅၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဆန်ပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ဆန်ပြောင်းက ၅၉.၂၅ ပိဿာဝင် ၁ အိတ်ကို ၃၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၇,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၃,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၈,၆၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၂၄၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၄၀ ကျပ်  ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါသီးနှံတွေထဲက ကြက်သွန်နီကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ ဇန်နဝါရီလကနေ စပြီး ကြက်သွန်အသစ်တွေ ဈေးကွက်ထဲကို အများအပြား ဝင်ရောက်လာပြီး ကြက်သွန် အရည်အသွေး မကောင်းတဲ့အတွက် ဈေးက ကျဆင်းသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာတော့ ပထမအပတ်ကတည်းက အရည်အသွေးကောင်းတဲ့ ကြက်သွန်တွေ ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့အတွက် ဈေးက ပြန်မြင့်တက်လာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ခါနီးထိ ကြက်သွန်နီ ၁ ပိဿာကို ၃,၅၀၀ ကျပ်အထိ အမြင့်ဆုံး ဈေးတက်ခဲ့ပေမယ့် ၂၀၁၈ နှစ်စမှာတော့ ၁ ပိဿာကို ၁,၅၀၀ ကျပ်အထိ ဈေးပြန်ကျဆင်းခဲ့ပါတယ်။ လက်ရှိမှာတော့ ၁ ပိဿာကို အနိမ့်ဆုံးဈေး ၁,၄၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေး ၂,၄၀၀ ကျပ်ကျော်နဲ့ ဈေးမြင့်တက်နေပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013