DVB Logo
Home
မြန်မာသတင်း
ထောက်ကြန့်တွင် ယာဉ်မောင်း ၁ ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများအား ဖမ်းမိ
DVB
·
February 6, 2018
ထောက်ကြန့်တွင် ယာဉ်မောင်း ၁ ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများအား ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မှာ ယာဉ်မောင်းတဦးကို  အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ်သူတွေကို ၃ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မွန်းလွဲ ၁၂ နာရီခွဲလောက်က ထောက်ကြန့်လမ်းဆုံမှာ  Suzuki Carry အဖြူရောင် ကားမောင်းသူဟာ ဇနီးနဲ့အတူ သိမ်ကြီးဈေးမှ ကုန်ပစ္စည်းတွေ ဈေးဝယ်ပြီး ပြန်လာရာ ထောက်ကြန့် စစ်သင်္ချိုင်းရှေ့အရောက် ဆိုင်ကယ် ၃ စီးပေါ်မှ အမျိုးသား ၅ ဦးတို့က  ဝိုင်းဝန်းထိုးကြိတ် ဆဲဆိုရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကားမောင်းသူဟာ ထိုးကြိတ်ခံရလို့ ဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့ကာ ကားရှေ့ လေကာမှန်နဲ့ ယာဘက် နောက်ကြည့်မှန်လည်း ရိုက်ခွဲခံခဲ့ရလို့ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၃/၂၉၄/၁၁၄ နဲ့ အမှုဖွင့်ခဲ့တာပါ။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းပြီး လှော်ကားလမ်းခွဲမှာ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ညနေ ၆ နာရီခွဲလောက်မှာ  လှိုင်သာယာမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်နေ အောင်မြင့်သူ (၃၀-နှစ်)၊ ညိုမောင်(၂၄-နှစ်)၊ မှော်ဘီမြို့နယ်နေ နိုင်လင်း (၁၉-နှစ်)၊ သက်ပိုင်ဦး (၁၉-နှစ်)နဲ့  မင်းထက်အောင် (၂၅-နှစ်)တို့ကိ ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ မင်းထက်အောင်ပါ ၅ ဦးတို့ကို ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်သလို ၎င်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်တွေမှာ လိုင်စင်မဲ့တွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလို့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့ ဆက်လက်အရေးယူမယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013