DVB Logo
Home
မြန်မာသတင်း
မွန်နှင့် လားဟူ လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အန်စီအေ လက်မှတ်ထိုးမည်
DVB
·
February 6, 2018
မွန်နှင့် လားဟူ လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အန်စီအေ လက်မှတ်ထိုးမည်
Donate to DVB

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော် MICC –II မှာ ကျင်းပဖို့ရှိနေပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အန်စီအေ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ လက်မှတ်ထိုးမယ့် အစီအစဉ်ကို  ပြောကြားခဲ့တာပါ။

“အားလုံး အင်မတန်မှ ဝမ်းမြောက်ဝမ်းသာရှိတဲ့ကိစ္စ ဖြစ်ပါတယ်၊ အားလုံးဆိုတာ ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေ၊ အထူးသဖြင့် မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ၊ လားဟူ တိုင်းရင်းသားတွေ အထူးဝမ်းသာမယ့်ကိစ္စပဲ ဖြစ်ပါတယ်။  အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ အန်စီအေလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ပထမဆုံး လျှောက်လှမ်းလာတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ အန်စီအေလက်မှတ် မရေးထိုးရသေးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း အန်စီအေ လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းနေတယ် ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ကို နွေးထွေးစွာနဲ့ ရင်းရင်းနှီးနှီး ကြိုဆိုဖို့ တာဝန်ရှိသလို ဒီ အန်စီအေစာချုပ် လက်မှတ်ရေးထိုးပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်အောင် ဆောင်ရွက်ပေးဖို့ဟာ ကျနော်တို့ အားလုံးရဲ့ အဓိကတာဝန်ပဲ ဖြစ်ပါတယ်။”

မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို  သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက် အန်စီအေ လက်မှတ်ရေးထိုးမယ်လို့ ကြေညာထားပါတယ်။

Photo : Myanmar State Counsellor Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013