DVB Logo
Home
မြန်မာသတင်း
ကင်ဆာဝေဒနာရှင်များကို ရှာဖွေဖော်ထုတ် ကုသပေးမည်ဟု ဦးဖြိုးမင်းသိန်း ပြော
DVB
·
February 5, 2018
ကင်ဆာဝေဒနာရှင်များကို ရှာဖွေဖော်ထုတ် ကုသပေးမည်ဟု ဦးဖြိုးမင်းသိန်း ပြော
Donate to DVB

ရန်ကုန်မြို့မှာရှိတဲ့ ကင်ဆာဝေဒနာရှင်တွေကို လာမယ့် အောက်တိုဘာလကစပြီး ရှာဖွေဖော်ထုတ် ကုသပေးတော့မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကင်ဆာအထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာပါ။

“ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း၊ ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ကျနော် အနည်းငယ် အသိပေး ပြောကြားပါရစေ။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ဂျနီဗာမှာ ကျင်းပတဲ့ အစည်းအဝေးကနေ ကင်ဆာနဲ့ပတ်သက်တဲ့ City ကင်ဆာ အခွင့်အလမ်းတရပ်ကို ကျနော်တို့ ရန်ကုန်မြို့က ရရှိခဲ့ပါတယ်။ မြို့တွေနဲ့ ကင်ဆာ ၂၀၂၅ ခုနှစ် စီမံကိန်းမှာ ကျနော်တို့ ရန်ကုန်မြို့တော်ဟာ အခွင့်အလမ်း ရခဲ့ပါတယ်။ ဒီရခဲ့တဲ့ အခွင့်အလမ်းကြောင့် ကျနော်တို့ ပြည်သူလူထုတွေကို အကူအညီပေးနိုင်ခွင့် အခြေအနေတွေ ရရှိတော့မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရတို့နဲ့ ကမ္ဘာ့ကင်ဆာအဖွဲ့အစည်းကြားမှာ သဘောတူညီမှုတရပ် ရခဲ့ပြီး ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်နေပြီလို့ သူက ပြောပါတယ်။

ဒီမြို့ပြကင်ဆာ စိန်ခေါ်မှု စီမံကိန်းကို ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ယူဆောင်လာတာလို့လည်း ဦးဖြိုးမင်းသိန်းက ဆက်ပြောပါတယ်။

ဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က “ရန်ကုန်မြို့မှာရှိတဲ့ ကင်ဆာ ဝေဒနာရှင်တွေကို စောစီးစွာ ရောဂါဖော်ထုတ်ပြီး ထိရောက်တဲ့ ကုသမှုပေးရေး လုပ်ပါမယ်။ ကင်ဆာရောဂါတိုင်းကိုပါ။ ကွင်းဆင်းရှာဖွေ ဖော်ထုတ်မှာပါ။ လာမယ့် အောက်တိုဘာမှာ စမယ်ဆိုပေမယ့် အခုတော့ ကြိုတင်ဆောင်ရွက်စရာ ရှိတာတွေကို လုပ်နေပါပြီ” လို့ ပြောပါတယ်။

ဒီစီမံကိန်းကို ၃ နှစ် ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

Photo : Yangon Region Government

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013