DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၂ လုံး ရေထဲမျောပါ
DVB
·
February 5, 2018
ကျောက်တော်တွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၂ လုံး ရေထဲမျောပါ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ကုလားတန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျတာကြောင့် နေအိမ် ၁၂ လုံး ရေထဲ မျောပါ ဆုံးရှုံးသွားပြီး တပ်မံပြိုကျမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ အလယ်မွတ်ဆလင်ရပ်ကွက်တလျှောက် ပြိုကျသွားတာဖြစ်ပြီး နေအိမ် ၁၂ လုံး ရေထဲ မျောပါသွားတယ်လို့ အပေါက်ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပြိုကျသွားတာ။ ကမ်းရဲ့ အခြေက ပေ ၃၀၀ နီးပါး ပြိုဆင်းသွားတယ်။ အနံပေ ၅၀ နီးပါး ပြိုဆင်းသွားတယ်။ ရေထဲကို နေအိမ် ၁၂ လုံး ပါသွားတယ်။ ဓနိမိုး ကာထားတဲ့ အိမ်က ၉ လုံးပါတယ်။ သွပ်မိုး ဝါးကာ ၃ လုံး ပါတယ်။ ပြောရရင်တော့ ကမ်းပါးအတွင်းထဲမှာ မိုးရာသီကတည်းက ရေတိုက်စားတာတွေ ရှိနေတယ်။ အဲဒါ အခုမှပဲ ပြိုကျပြီး မြစ်ထဲပါသွားတာ။”

လတ်တလောမှာတော့ နေအိမ်တွေ ပါသွားတဲ့ မိသားစုဝင်တွေကိုတော့ စာသင်ကျောင်းနဲ့ အရေးပေါ် ကယ်ဆယ်ရေးစခန်းမှာ နေရာချပေးထားပြီး ကမ်းပါးပြိုကျမှုတွေနဲ့ ပတ်သက်လို့ လူထိခိုက် သေဆုံးတာမျိုး မရှိဘူးလို့ အပေါက်ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်ညွန့်က ပြောပါတယ်။

“အရင်ကလည်း တိုက်စားတယ်။ အဲဒီလောက်ထိ ကြီးကြီးမားမားမဖြစ်ခဲ့ဘူး။ ဒီအတိုင်းဆိုရင် နောက်ထပ်လည်း ပြိုမယ့်အခြေအနေ ရှိတယ်။ ခုလောလောဆယ်မှာတော့ နေအိမ် ပြိုသွားတဲ့သူတွေကို နေရာနှစ်ခုမှာ နေရာချပေးထားတယ်။ စာသင်ကျောင်းတွေမှာ တဝက်ရယ်၊ အရေးပေါ် ကယ်ဆယ်ရေးနေရာမှာ တဝက်ထားတယ်။ အားလုံးစုစုပေါင်း လူဦးရေ ၆၄ ဦးပေါ့နော်။ အခုအချိန်အထိတော့ လူကယ်ပြန်က ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ သေဆုံး ဒဏ်ရာရသူတွေကတော့ မရှိဘူး။”

အပေါက်ဝကျေးရွာဟာ ကုလားတန်မြစ်ကမ်းပါးမှာ တည်နေပြီး နှစ်စဉ် နှစ်တိုင်း ဒီရေ တိုက်စားမှုကြောင့် နေအိမ်တွေ မကြာခဏဆိုသလို ပြောင်းရွှေ့နေကြရပါတယ်။

အပေါက်ဝကျေးရွာမှာ အိမ်ခြေ ၁၇၀၀ ဝန်းကျင်ရှိပြီး ၂၀၁၅ ခုနှစ်မှာလည်း ကုလားတန် မြစ်ရေ တိုက်စားမှုကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်​ပုံ ​ကျော်​သူဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013