DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားအကျဉ်းထောင် ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်စစ်တပ်က တိုက်ခိုက်
DVB
·
June 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်တပ်ဖွဲ့တွေဟာ ဗင်နီဇွဲလားအကျဉ်းထောင်ဂိုဏ်း ထရန်းဒီ အာရဂွါ (TdA) ရဲ့ ခေါင်းဆောင် နီညိုဂွါရဲရိုး (ခ) ဟက်တာရပ်စ်သမ်ဖို့ဒ်ဂွါရဲရိုးဖလောရက်စ် ကို တိုက်ခိုက် ချေမှုန်းခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရမ့်ပ်က ဇွန် ၁၂ ရက်မှာ ကြေညာပါတယ်။ 

သမ္မတ ထရမ့်ပ်က “ကျနော့်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ်ဟာ ကမ္ဘာပေါ်မှာ သွေးအဆာဆုံး အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ ထရန်းဒီ အာရဂွါရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခေါင်းဆောင် နီညိုဂွါရဲရိုးကို မြန်ဆန်ပြတ်သားတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပါတယ်” လို့ Truth လူမှုကွန်ရက်မှာ ရေးပါတယ်။

ဒီလုပ်ဆောင်ချက်ကို ဗင်နီဇွဲလားက မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ အကြမ်းဖက်သမားတွေအနေနဲ့ ဗင်နီဇွဲလား အပါအဝင် ဘယ်နေရာမှာမှ ပုန်းခိုစရာမရှိတော့ဘဲ ငရဲပြည်ကို ပို့ပစ်မယ်လို့လည်း ထရမ့်ပ် က ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ 

ဒါ့အပြင် ထရမ့်ပ်က သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ နယ်စပ်ကို ဖွင့်ပေးပြီး ရာဇဝတ်ကောင်တွေကို ပေးဝင်ခဲ့လို့ အမေရိကန်နိုင်ငံသားတွေ ထိခိုက်ခဲ့ရတယ်လို့ ဝေဖန်ခဲ့ပြီး၊ အခုတိုက်ခိုက်မှုဟာ ဂိုဏ်းသားတွေ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် ဂျို့စလင်း နန့်ဂရေးနဲ့ အသက် ၂၂ နှစ်အရွယ် လေ့ကန်ရိုင်လီတို့လို အမေရိကန်နိုင်ငံသားတွေရဲ့ မိသားစုတွေအတွက်  လက်တုံ့ပြန်ပေးလိုက်တာလို့လည်း ပြောပါတယ်။

ထရမ့်ပ်က ဘယ်အချိန်မှာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ် ဆိုတာကို တိတိကျကျ မပြောခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ထရန်းဒီအာရဂွါအဖွဲ့ကို နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှုတွေကြောင့် ဂွါရဲရိုး အပါအဝင် ခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ 

ထရမ့်ပ် အစိုးရအဖွဲ့ဟာ အဲဒီအဖွဲ့နဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို အစိုးရတို့ ပူးပေါင်းနေတယ်လို့ စွပ်စွဲထားပြီး၊ အမေရိကန်ရောက် ရွှေ့ပြောင်းအခြေချသူတချို့ကို အယ်လ်ဆာဗေဒိုနိုင်ငံက လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ကို ပြည်နှင်ဒဏ်ပေးဖို့အတွက် အခုလို ပတ်သက်မှုရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာန၊ အိမ်ဖြူတော်၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်တို့ဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013