DVB Logo
Home
မြန်မာသတင်း
ဖက်​ဒရယ်​စနစ်​တွင်  ကျား၊ မ တန်းတူရေး ပါဝင်သင့်​ကြောင်း ​ဆွေး​နွေး
DVB
·
February 5, 2018
ဖက်​ဒရယ်​စနစ်​တွင်  ကျား၊ မ တန်းတူရေး ပါဝင်သင့်​ကြောင်း ​ဆွေး​နွေး
Donate to DVB

ဖက်​ဒရယ်​စနစ်​ ကျင့်သုံးရာမှာ ကျား၊ မ တန်းတူညီမျှရေး ပါဝင်သင့်တဲ့အကြောင်း မန္တလေးမြို့ မဟာ​အောင်​​မြေမြို့နယ်ရှိ  ဟိုတယ်မန္တလေးမှာ  ယုံကြည်​ရာ အသိပညာ​ပြန့်​ပွား​ရေး အသင်းက ​ဦး​ဆောင်​ပြီး  ဒီကနေ့ ဆွေးနွေးပွဲ ကျင်းပပါတယ်​။

ကျား၊ မ (Gender) ရေးရာဆိုင်​ရာ ညီမျှမှုနဲ့ ဖက်​ဒရယ်​စနစ်​ဟာ ဘယ်​လိုချိတ်​ဆက်​မှုရှိလဲ ဖက်​ဒရယ်​စနစ်​မှာ အမျိုးသမီး​တွေရဲ့ အခန်းကဏ္ဍ ဘယ်​လိုပါဝင်​နိုင်​တယ်​၊ ပြီးတော့ ကွဲပြားတဲ့  လိင်​စိတ်​ခံယူရှိတဲ့ လူပုဂ္ဂိုလ်​​တွေ၊ အစုအဖွဲ့​တွေအတွက်​လည်း ဘယ်​လိုမျိုး ဖက်​ဒရယ်​စနစ်​မှာ ပါဝင်​နိုင်​တယ်​၊ ဖက်​ဒရယ်​စနစ်​က ဘာ​တွေအကျိုးရှိတယ်​ စတာ​တွေကို ​ဆွေး​နွေးကြတာ ဖြစ်ပါတယ်။

ဖက်​ဒရယ်​နိုင်​ငံများ ဖိုရမ်​ မြန်​မာနိုင်​ငံဌာ​နေကိုယ်​စားလှယ်​ ဦးထက်​မင်းလွင်​က “အရင်​က​တော့ ကျား၊ မ Gender ရေးရာနဲ့ ဖက်​ဒရယ်​စနစ်​နဲ့ဆိုတာ သတ်​သတ်ဖြစ်တယ်။ ဖက်​ဒရယ်​​ ဆွေး​နွေးတဲ့သူ​တွေကလည်း Gender မပါကြသလို Gender ပြောတဲ့သူ​တွေကလည်း ဖက်​ဒရယ်စနစ်​ဆိုတာ မပါ​တော့ မြန်​မာနိုင်ငံမှာက​တော့ လက်​ရှိသွားမယ့် နိုင်​ငံ​ရေးစနစ်​က ဖက်​ဒရယ်​နိုင်​ငံ​ရေးစနစ်​ ဖြစ်​တာ​ကြောင့် အဲဒီနိုင်​ငံ​ရေးစနစ်​မှာ ကျား၊ မ Gender ရေးရာ​တွေ ပါဝင်​သင့်တယ်​လို့ ယူဆတာ​ကြောင့် အခုလို အလုပ်​ရုံေ​ဆွေး​နွေးပွဲကို ကျင်းပရတာ”လို့ ပြောပါတယ်။

ဖက်​ဒရယ်​စနစ်​ကို ကျင့်သုံးမှုနဲ့ အမျိုးသမီးတွေ ပါဝင်​မှုကို  ဆက်​စပ်​​ပေးတာဖြစ်တယ်လို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ မန္တလေးတိုင်း လုပ်ငန်း​ကော်​မတီ  ဒုဥက္ကဋ္ဌ  ​ဒေါ်ဝင်းမြမြက​ ပြောတယ်​။

“မြန်​မာနိုင်​ငံမှာ အမျိုးသမီး​တွေက နိုင်​ငံ​ရေးထဲမှာ ပါမလာ​သေးဘူး။ နည်းတယ်​၊ အလွန်​နည်းတယ်​။ တနိုင်​ငံလုံးမှာ အမျိုးသမီးဦး​ရေက ၅၁ ရာခိုင်​နှုန်းလောက် ရှိတယ်​။ ဒါ​ပေမယ့် နိုင်​ငံ​ရေး​လောကမှာတော့ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ရွေးတာကအစ အမျိုး​သမီးတွေ အလွန်​နည်းပါတယ်​။ ဖက်​ဒရယ်​စနစ်​လို့ ဆိုလိုက်​ရင်​ လူ​တွေက ဖက်​ဒရယ်​ဆိုရင်​ ခွဲထွက်​ရမယ်​၊ ခွဲထွက်ကြမယ် ​ဆိုပြီး​တော့ တ​လျှောက်​လုံး စစ်​အုပ်​ချုပ်​​ရေးစနစ်​​အောက်​မှာ ပြည်​သူလူထူထုဟာ ခေါင်းထဲကို ရိုက်​သွင်းခံထားရ​တော့ ဖက်​ဒရယ်​ဆိုရင်​ကို လူ​တွေက​ ကြောက်​​နေကြတယ်”

အဲဒီသင်တန်းကို ရန်​ကုန်​မှာ ၂၀၁၇ ​အောက်​တိုဘာလက ဖွင့်လှစ်ခဲ့ပြီး  မန္တ​လေးမှာတော့  ​ဖေ​ဖော်​ဝါရီ ၅ ရက်​​နေ့မှ ၇ ရက်​​အထိ ပြုလုပ်​နေတာ ဖြစ်ပါတယ်။ အလားတူ သင်တန်း​တွေကို ​မော်​လမြိုင်​၊ ​တောင်​ကြီး၊ မြစ်​ကြီးနား၊ စစ်​​တွေ စတဲ့မြို့ကြီး​တွေမှာ ဆက်​လက်​ပြုလုပ်​သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013