DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 5, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၂,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၀,၇၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မြေထောက်ပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မြေထောက်ပဲက ၅၄ ပိဿာဝင် ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ကုန်စည်ဒိုင် ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စွန်တာ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စွန်တာပြာက ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၃,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၄,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်းအဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၈,၆၀၀ ကျပ်ကနေ ၃၀,၂၄၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၆၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၇၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013