DVB Logo
Home
မြန်မာသတင်း
နယ်စပ်ရှိ မြန်မာဒုက္ခသည်များ လူ့အခွင့်အရေး ဆုံးရှုံးနေဟု ကုလ စွပ်စွဲချက် ထိုင်းအစိုးရ ပယ်ချ
DVB
·
February 5, 2018
နယ်စပ်ရှိ မြန်မာဒုက္ခသည်များ လူ့အခွင့်အရေး ဆုံးရှုံးနေဟု ကုလ စွပ်စွဲချက် ထိုင်းအစိုးရ ပယ်ချ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ပြောကြားချက်ဟာ မှန်ကန်မှု မရှိသလို မျှတမှုမရှိဘူးဆိုပြီး ထိုင်းနိုင်ငံခြားရေးဌာနက ပယ်ချလိုက်ပါတယ်။

ထိုင်းနိုင်ငံတွင်း ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်နေရတဲ့ မြန်မာ ဒုက္ခသည်တွေဟာ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ထုတ်ပြန်ပြောကြားခဲ့တဲ့အပေါ် ထိုင်းအစိုးရက တုံ့ပြန်လိုက်တာပါ။

မြန်မာပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီဟာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ပြီးခဲ့တဲ့လက သွားရောက်ပြီးနောက် မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆိုးလ်မြို့မှာ သတင်း စာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်တာပါ။

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံနယ်စပ်ဒေသကို ထွက်ပြေးလာပြီး ယာယီခိုလှုံရာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်ရေးတွေကို ခံစားခွင့်မရနိုင်ဘဲ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ရန်ဟီးလီက ပြောပါတယ်။

“လူသားချင်းစာနာမှု အကူအညီတွေဟာလည်း လျော့နည်း ကျဆင်းလာနေတယ်လို့ ကရင်ဒုက္ခသည်တွေက ပြောကြသလို ရှမ်းဒုက္ခသည်တွေလည်း နိုင်ငံတကာ အလှူရှင်တွေရဲ့ အကူအညီတွေ လုံးလုံးဖြတ်တောက်ခံရတယ်လို့ ပြောကြတယ်။”

ဒီအခြေအနေတွေဟာ နေရပ်ပြန်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ အချိန်မရောက်သေးခင်မှာ  ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တွန်းပို့နေတယ်လို့ မစ္စရန်ဟီးလီက ဆိုပါတယ်။

ထိုင်းအစိုးရကတော့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စကို ဒုက္ခသည်တွေရဲ့ သဘောဆန္ဒအလျောက်သာ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာအိုင်ဒီပီ ဒုက္ခသည်တွေအားလုံးကို နေစရာ၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ကလေးမွေးစာရင်းတွေပါ ဆောင်ရွက်ပေးနေပြီး ဘာသာရေး လုပ်ဆောင်မှုတွေကိုလည်း ခွင့်ပြုပေးနေတယ်၊ ဒီအချက်တွေဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အထူးသဖြင့် UNHCR က ကောင်းကောင်းအသိအမှတ်ပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က တပ်ခ်ခရိုင်၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ကန်ကျနဘူရီခရိုင်တွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ မြန်မာ ဒုက္ခသည်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက  လာရောက် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလကတော့ မြန်မာပြည်တွင်းမှာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ တိုးတက်မှုရှိလာပြီးနောက် မြန်မာဒုက္ခသည် ၇၀ ကျော် ဆန္ဒအလျောက် နေရပ် ပြန်လာခဲ့ကြတယ်။

ကိုးကား - သည်နေရှင်း

ဓာတ်ပုံ - TBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013