DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် လမ်းများ ဖျက်ဆီးခံထားရမှုကြောင့် ဓာတ်ဆီနှင့် ဆန်များ ပြတ်လပ်နေ
DVB
·
February 5, 2018
ပူတာအိုတွင် လမ်းများ ဖျက်ဆီးခံထားရမှုကြောင့် ဓာတ်ဆီနှင့် ဆန်များ ပြတ်လပ်နေ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ဓာတ်ဆီနဲ့ ဆန်တွေ အဓိကပြတ်လပ်နေမှုကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာ လမ်းပိတ်မိနေတဲ့ ကချင်ပြည်နယ် ၈၈ သွေးသစ်တာဝန်ခံ ဦးသောင်းဦးက ပြောပါတယ်။

“ပူတာအိုမြို့မှာ ဓာတ်ဆီ တပုလင်းကို ၂၅၀၀ ကျပ်ဈေးရှိပေမယ့် ရောင်းတဲ့သူ မရှိဘူး။ ဆိုင်တွေလည်း အကုန်ပိတ်ထားကြပြီ။ အရင်ကလို ခြေကျင် လျှောက်နေကြရတယ်။ ဆန်ဈေးက ၁ အိတ်ကို ၅ သောင်း ကြားနေရပေမယ့်လည်း ရောင်းတဲ့သူ မရှိဘူး။ အဲဒါတွေကို ခရိုင် အုပ်ချုပ်ရေးမှူးက ထိန်းချုပ်မယ် ပြောတယ်။”

ပူတာအိုမြို့မှာ ဓာတ်ဆီနဲ့ ဆန် အပါအဝင် တခြား လူသုံးကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတာကြောင့် ကုန်သည်တွေက ပစ္စည်းတွေ ထပ်ပြတ်လပ်သွားမှာစိုးတဲ့အတွက် ဆိုင်တွေ ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။ ရေသန့်ဘူးသေး တကတ်ကို ၅ ထောင်ဈေး ရှိပေမယ့် ရောင်းသူမရှိဘူးလို့လည်း သိရပါတယ်။

ပူတာအို ဒေသခံ ရဲရင့်အောင်က “ပူတာအိုက လူတွေ ခြေကျင်လျှောက်နေရတယ်။ ဆီဖိုးတော့ မကုန်ပေမယ့် သွားလာရတာ ခရီးမတွင်ဘူး”လို့ ပြောပါတယ်။

လမ်းတွေ ဖျက်ဆီးထားတဲ့အပြင် လမ်းလုပ်သားတွေကိုလည်း ထွက်ခွာဖို့ ကေအိုင်အေအဖွဲ့က စာထုတ်ထားတဲ့အတွက် လမ်းလုပ်သားတွေ၊ ဘုရားဖူးအဖွဲ့တွေ အပါအဝင် လူ ၇၁၄ ဦးလောက် လေယာဉ်လက်မှတ်ရဖို့  ပူတာအိုမြို့မှာ စောင့်ဆိုင်းနေရသေးတယ်လို့ သိရပါတယ်။

လမ်းပိတ်မိသူတွေဟာ တောင်တန်းသာသနာပြု ထေရဝါဒဗုဒ္ဓကျောင်းမှာ တည်းခိုနေရတယ်လို့ သိရပါတယ်။

အရင်က ပူတာအိုခရိုင်မှာ ဆန်နဲ့ တခြားပစ္စည်းတွေကို နှစ်စဉ် သိုလှောင်မှုတွေ ရှိပေမယ့် အခုအခါမှာတော့ ကားလမ်းတွေ ကောင်းမွန်သွားလို့ ပစ္စည်းသိုလှောင်တာတွေ မရှိကြတော့တာကြောင့် ပိုပြီးခက်ခဲသွားတာလို့ သိရပါတယ်။

ပူတာအိုမြို့ဟာ မြစ်ကြီးနားနဲ့ ၂၁၈ မိုင် ကွာဝေးပြီး လမ်းတွေ ဖျက်ဆီးခံရတာ ပြန်ကောင်းမွန်ဖို့ လာမယ့် ၂ လထိအောင် မသေချာနိုင်သေးဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013