DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် ရွှေလုပ်ငန်းလုပ်ကိုင်သူများကြောင့် နွေစပါးများ ပျက်စီးဆုံးရှုံး
DVB
·
February 5, 2018
ဟုမ္မလင်းမြို့နယ်တွင် ရွှေလုပ်ငန်းလုပ်ကိုင်သူများကြောင့် နွေစပါးများ ပျက်စီးဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လောင်မင်းကျေးရွာနားမှာ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေကြောင့် နွေစပါးစိုက်ဧက ၁၀၀ ခန့် ပျက်စီးဆုံးရှုံးမှု ရှိနေတယ်လို့  ကျေး၇ွာ အုပ်ချုပ်ရေးတာဝန်ရှိသူကပြောပါတယ်။  

လောင်မင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုးစိန်က“မနှစ်က မဖြစ်ခဲ့ဘူး။ ဒီနှစ်မှ ဖြစ်တာ။ ရွှေတူးကြတော့ မြစ်ရေကြီးတဲ့အခါ မသိသာဘူး။ ရေကျသွားတော့ လယ်တွေ ဧက ၁၀၀ လောက် ပျက်စီးသွားတယ်။ ဧက ၅၀ ကတော့ လုံးဝ သုံးစားလို့ မရတော့ဘူး။ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း တိုင်တယ်။ ဘာမှ ထူးခြားမှု ရှိမလာဘူး။”လို့ပြောပါတယ်။

ရွှေလုပ်တဲ့သူတွေက ကုမ္ပဏီက မဟုတ်ပေမယ့် လောင်မင်းကျေးရွာနဲ့ ၁၀ မိုင်လောက် ဝေးတဲ့အတွက် နွေစပါးစိုက်ချိန် လယ်တွေ ပျက်စီးနေတာပါ။ စပါးမစိုက်ခင် ဖြစ်ပေမယ့် မစိုက်ပျိုးနိုင်တဲ့အတွက် တောင်သူတွေ နစ်နာမှုရှိတယ်လို့ လောင်မင်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။

လောင်မင်းကျေးရွာမှာ လယ်သမား ၆၁ ဦး နွေစပါး စိုက်ပျိုးဖို့ အခက်အခဲရှိနေပြီး လယ်ဧက ၁၀၀ အနက် လယ်ဧက ၅၀ ဟာ အဆိုးဝါးဆုံး ဖြစ်နေခဲ့ပါတယ်။ ဒီဒေသမှာ ပုံလွန်မှော်၊ မဏိစန္ဒာမှော်၊ ကြောဇံမှော်တို့ အပါအဝင် ရွှေလုပ်ငန်း လုပ်ကိုင်သူ ၂၀၀ ဦးထိ ရှိတယ်လို့ သိရပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013