DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ
DVB
·
February 5, 2018
ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ
1 / 8
Donate to DVB

၂၀၁၈ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပါတယ်။

အဲဒီအခမ်းအနားကို ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ဦးဆောင်ကာ မြန်မာ အသည်းဖောင်ဒေးရှင်း၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနဲ့ မြန်မာစားသုံးသူသမဂ္ဂတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ရောဂါဖြစ်ပွားလာပါက စောစီးစွာသိရှိပြီး လျင်မြန်စွာ ကုသခြင်းဖြင့် ကင်ဆာရောဂါကြောင့် သေဆုံးသူတွေ လျော့ပါးလာနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာပါ။

ဒီအခမ်းအနားမှာ ရင်သားကင်ဆာနဲ့ သက်ဆိုင်တဲ့ ရင်သားစမ်းသပ်နည်းတွေကို သင်ပြပေးတာတွေ၊ အသည်းရောင်ဘီပိုး သွေးဖောက်စစ်ဆေးပေးတာတွေနဲ့ ကာကွယ်ဆေးထိုးပေးမှုတွေကိုလည်း အခမဲ့ လုပ်ဆောင်ပေးပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေနဲ့ ပတ်သက်လို့လည်း အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနား တက်ရောက်လာတဲ့ ပရိသတ်တွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာ၊ အသည်းကင်ဆာနဲ့ ခံတွင်းကင်ဆာ ရောဂါတွေဟာ ဖြစ်ပွားမှု အများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013