DVB Logo
Home
မြန်မာသတင်း
“ထမင်းဝအောင်စားထား” ဆိုသည့်စကား အရေးယူရန်လိုဟု ရှေ့နေများအသင်းပြော
DVB
·
February 4, 2018
“ထမင်းဝအောင်စားထား” ဆိုသည့်စကား အရေးယူရန်လိုဟု ရှေ့နေများအသင်းပြော
Donate to DVB

ထမင်းဝအောင်စားထားဆိုတဲ့ စကားဟာ ခြိမ်းခြောက်တဲ့ စကားဖြစ်တာကြောင့် လွတ်လပ်တဲ့ တရားစီရင်ရေးကို ထိခိုက်စေပြီး အရေးယူဖို့ လိုတယ်လို့ မြန်မာနိုင်ငံရှေ့နေများ အသင်း ဥက္ကဋ္ဌက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့က အသင်းရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အသင်း ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးစိန်ဝင်းက “လွတ်လပ်တဲ့ တရားစီရင်ရေးကို တနည်းမဟုတ်တနည်း ထိပါးနေပါတယ်လို့ သက်ဆိုင်တဲ့သူတွေ အရေးယူပေးဖို့ တင်ပြဖို့ တာဝန်ရှိလို့ အခုလို စည်းဝေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တရားစီရင်ရေးကို တိမ်းစောင်းစေမယ့် အရေးအသား၊ အမူအယာ၊ အပြုအမူတွေဟာ အရေးယူခံထိုက်တယ်လို့လည်း သူက ပြောပါတယ်။

ဦးကိုနီကို လုပ်​ကြံခဲ့သလို အငှားယာဉ်​​မောင်းဦး​နေဝင်း ​သေဆုံးခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရတဲ့ ကြည်​လင်း၊ ​အောင်​ဝင်းခိုင်​နဲ့ ​ဇေယျာဖြိုးတို့က​ ဇန်​နဝါရီလ ၁၂ ရက်​​နေ့ ရုံးချိန်းက ပြန်အထွက်မှာ သတင်းထောက်နဲ့ ရှေ့နေတွေကို “မင်းတို့ ထမင်းဝ​အောင်​စားထား” လို့ ကြိမ်းဝါးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရုံးချိန်းမှာတော့ ကြည်လင်းကို ထောက်ခံအားပေးသူတချို့က အဲဒီစာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး တရားရုံးကို ရောက်လာခဲ့တာပါ။

မြန်မာစကားမှာ ထမင်းဝအောင်စားထား ဆိုတာဟာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာပဲ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်စိုးက ပြောပါတယ်။

မြန်မာမီဒီယာ ရှေ့နေများကွန်ရက်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက “ဥပဒေစိုးမိုးရေးကို ဘယ်လောက်ပဲ ပြောပြော အခု ဒီလို ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေဟာ တရားရုံးပရဝုဏ်ထဲမှာ ဖြစ်သွားတာ။ တရားဥပဒေအရ အရေးယူနိုင်တဲ့ အဖွဲ့အစည်းတွေ ကြားမှာ ဖြစ်သွားတာ။ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးတယ်။ အဲဒီအဆောက်အဦထဲက နောက်ပိုင်း တရားခွင်ထဲကို ရောက်မလာနိုင်ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူး” လို့ ပြောပါတယ်။

ဒီလို ပြုလုပ်တာဟာ တရားသူကြီးကို ခြိမ်းခြောက်တာ၊ ဥပဒေအရာရှိကို ခြိမ်းခြောက်တာ၊ ရှေ့နေတွေကို ခြိမ်းခြောက်တာလည်း ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013