DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေရာဝန်းကျင်တ၀ိုက် အရပ်သား ၁၀၀၀ ခန့် ကျန်ရှိနေဆဲ
DVB
·
February 4, 2018
တိုက်ပွဲဖြစ်နေရာဝန်းကျင်တ၀ိုက် အရပ်သား ၁၀၀၀ ခန့် ကျန်ရှိနေဆဲ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းဒေသက တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့ နေရာဝန်းကျင်တွေမှာ အရပ်သား တထောင်လောက်ထွက်ခွာခွင့်မရသေးဘဲ ပိတ်မိနေသေးပြီး အဲဒီနေရာကို နောက်ထပ်လူတွေ ရောက်လာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တပ်မတော်က စိစစ်ပြီး ပြန်လွှတ်နေတာ တပတ်ရှိပြီဖြစ်ပေမယ့် လူ ၂ ထောင်လောက်ပဲ ပြန်လွတ်လာသေးတာပါ။

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆရာနော်တောင်က “မနေ့ညကတော့ ၃၀၀ ကျော် ထွက်လာတယ်လို့ သိရတယ်။ အခုဆို ၂ ထောင်နီးပါးလောက် ပြန်ရောက်ပြီပေါ့။ ဟိုမှာက ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ကျန်ဦးမယ်။ အခု ပိတ်မိနေတဲ့ နေရာကို တခြားမှော်တွေက လူတွေ ထပ်ရောက်လာတယ်ကြားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပိတ်မိနေသူတွေဟာ နမ့်ကွမ်းရွေမှော်နဲ့ ဆမတ်ဂိတ်ဝန်းကျင်မှာ ရှိနေပြီး တပ်မတော်က မှတ်ပုံတင်၊ နာမည် စိစစ်ပြီး ပြန်လွှတ်နေတာပါ။ သူတို့မှာ စားစရာတွေ ပြတ်လပ်နေလို့ မြို့ပေါ်က ပို့ပေးနေရပါတယ်။ ဆရာနော်တောင်က “အစပိုင်းစကတော့ ခွင့်မပြုလို့ မပို့နိုင်ခဲ့ဘူး။ အခုတော့ ပို့ပေးနေတာ ၂ ရက်ရှိပြီ။ ထမင်းရော၊ ရေရော ပို့ပေးနေတာ” လို့ ပြောပါတယ်။

တရက်ကို လူဦးရေများများ စိစစ်ပြန်လွှတ်ဖို့ ကူညီပေးနေသူတွေက မြို့နယ်အုပ်ချုပ်ရေးက တဆင့် တပ်မတော်ကို တောင်းဆိုထားပြီး အဲဒါကို လက်ခံလိုက်တဲ့ သဘောရှိတယ်လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် အရင်နေ့တွေက တရက်ကို လူ ၁၅၀ လောက်ပြန်လွှတ်နေရာကနေ မနေ့ကတော့ ၃၀၀ လောက် ပြန်လွှတ်ပေးတာ ဖြစ်နိုင်တယ်လို့ ဆက်ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာ ဝန်းကျင်တွေက မှော်တွေမှာ ပိတ်မိနေသူတွေအတွက် တခြားထွက်ပေါက်မရှိလို့ အခုနေရာကို လူတွေထပ်ရောက်လာတာ ဖြစ်ပြီး တခြားနေရာတွေမှာ လူတွေကျန်သေးလားဆိုတာကိုတော့ မသိရသေးပါဘူး။

တနိုင်းမြို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက “သူတို့မှာ နေ့ဆိုရင် နေပူ၊ ညမှာလည်း နှင်းကျဆိုတော့ ကျန်းမာရေး မကောင်းတာတွေ ရှိနေတယ်။ စားသောက်စရာတွေ ကတော့ မြို့ပေါ်က ပို့ပေးနေပါတယ်” လို့ ပြောပါတယ်။

လက်ရှိပိတ်မိနေတဲ့ နေရာဟာ တနိုင်းနဲ့ ၁၀ မိုင်လောက်ဝေးပြီး စက်လှေတွေနဲ့ ထွက်လာရတာပါ။ မှော်တွေက ထွက်လာသူတွေကို တနိုင်းမြို့ပေါ်မှာ ထားတာ မဟုတ်ဘဲ မြို့ပြင် လမုန်ရွာနားမှာ ထားတာဖြစ်ပြီး ဒေသခံ မဟုတ်သူတွေကိုတော့ သူတို့ဒေသကို ပြန်ခိုင်းနေတာ ဖြစ်ပါတယ်။

ရွှေနဲ့ ပယင်းမှော်တွေမှာ ဒီလဆန်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး စာရင်းရခဲ့သလောက် လူ ၂ ယောက်သေဆုံး၊ ၅ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013