DVB Logo
Home
မြန်မာသတင်း
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်မှု ဂုဏ်သိက္ခာကျဆင်းအောင် စွပ်စွဲသူများကို အရေးယူမည်
DVB
·
February 4, 2018
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်မှု ဂုဏ်သိက္ခာကျဆင်းအောင် စွပ်စွဲသူများကို အရေးယူမည်
Donate to DVB

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးရာမှာ အာဏာသုံးတယ်ဆိုပြီး စွပ်စွဲခံရလို့ ဥပဒေအရ အရေးယူသွားမယ်လို့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က  အာဏာသုံးပြီး မမှန်မကန်ရွေးချယ်ခဲ့တယ်လို့ ရွာသားတချို့က တိုင်ကြားထားတာပါ။

အဲဒီ တိုင်ကြားစာမှာ “ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ တဖက်က ဝင်ရောက်အရွေးခံသူကို သွားရောက်အသိပေးဖိတ်ကြားထားတာ မရှိဘဲ စိတ်ကြိုက် တယောက်တည်းကိုပဲ တင်မြှောက်ခဲ့တဲ့ အကြောင်း၊ ကျုံစိန်ကျေးရွာမှာ အိမ်ခြေ ၃၂၀ ကျော်ရှိတဲ့အထဲက ၁၅၀ လောက်ပဲ မဲလာထည့်ကြပြီး မဲထည့်တဲ့ သူတွေဟာလည်း လက်ရှိ ရွေးချယ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ရဲ့ ဆွေမျိုးတွေနဲ့ ငွေပေးစည်းရုံးထားတဲ့သူတွေ ဖြစ်တဲ့အကြောင်း စသည်ဖြင့် ဖော်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ဟာ သူတို့စိတ်ကြိုက် လူကိုပဲ အာဏာသုံးပြီး မမှန်မကန် တိတ်တဆိတ်ရွေးချယ်တာကြောင့် ပြင်းပြင်းထန်ထန် ထိထိရောက် အရေးယူပေးဖို့ ကျုံစိန်ကျေးရွာ ရပ်ကွက်သူ၊ ရပ်ကွက်သား ၁၅၀ ကျော်က လက်မှတ်ရေးထိုး တိုင်ကြားထားပါတယ်။

တိုင်စာကို  အန်အယ်လ်ဒီရုံးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာနဲ့ အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ မွန်ပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌတို့ကို ဇန်နဝါရီ လကုန်ပိုင်းက ပေးပို့ခဲ့တာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက “ဘယ်နေရာမှာ ဘယ်အချက်တွေကို ထောက်ပြီးတော့ အာဏာသုံးတယ်လို့ပြောမလဲ။ ဒီဥပဒေကို အကိုတို့လည်း ရေးဆွဲခဲ့တယ်။ ဒီဥပဒေစာအုပ်သည် အကိုသွားတဲ့နေရာတိုင်းမှာပါတယ်။ ဥပဒေမှာ ပါတဲ့အချက်အတိုင်းပဲ ဆောင်ရွက်တယ်။ ဥပဒေမှာ မပါတာကို တခွန်းမှ မပြောသလို တခွန်းမှလည်း မဆောင်ရွက်ခဲ့ဘူး။ အဲဒီအတွက် အာဏာသုံးတယ်ဆိုတဲ့စကားသည် စွပ်စွဲပုတ်ခတ်တာ ဖြစ်တယ်။ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဆောင်ရွက်ခဲ့တဲ့လူတွေကို ကျနော်တို့ ဥပဒေအရ ပြန်လည်ဆောင်ရွက်မှာပါ” လို့ ပြောပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ငွေပေး စည်းရုံးခဲ့တယ်ဆိုတဲ့အပေါ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က “အစကတည်းက ငွေပေးတယ်၊ ငွေယူတယ်ဆိုရင် အနီးကပ်ကြီးကြပ်ရေးအဖွဲ့လည်း သိတာပဲ။ ကျနော်တို့ဆီ တင်ပြစရာတောင်မလိုဘူး။ သူတို့အနေနဲ့ လက်ဆုပ်လက်ကိုင် ဖမ်းပြီးတော့ သူ့ဘာသာ ရှင်းလို့ရတဲ့ကိစ္စပါ။ ဥပမာ ကျနော်ပြောရရင် ကျနော် မဲလိုချင်လို့ ပိုက်ဆံပေးတယ်၊ ကျနော်မကြိုက်ရင် လျှို့ဝှက်မဲပေး ရတာလေ။ ကျနော်ပေးတယ်၊ မပေးဘူးဆိုတာ သူဘယ်လိုလုပ်သိမလဲ။ ပိုက်ဆံယူပြီး မဲပေးတယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ” လို့ ပြောပါတယ်။

ကျုံစိန်ဒေသခံလည်းဖြစ်ပြီး ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအောင်ထွန်းဝင်းကတော့ ရွေးချယ်ပွဲအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက မလျော်သြဇာသုံးတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဝင်ရောက်အရွေးခံကြတဲ့ ဦးဌေးဝင်းနဲ့ ဦးဝင်းနိုင်တို့ဟာ ၁၂၆ မဲစီနဲ့ ရလဒ်တူနေပြီး ပြန်စိစစ်ဖို့ တောင်းဆိုခဲ့ပေမယ့် မစိစစ်ပေးခဲ့ဘူးလို့ ဝင်ရောက် အရွေးချယ်ခံခဲ့တဲ့ ဦးဌေးဝင်းက ပြောပါတယ်။

တိုင်ကြားထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ် အန်အယ်လ်ဒီရုံးမှာ လွှတ်တော် ကိုယ်စားလှယ်ကို ဒီနေ့ စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013