DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် ကုန်ကားတစီးပေါ်မှ ဘင်္ဂါလီ၂၁ ဦး ဖမ်းမိ
DVB
·
February 4, 2018
ညောင်တုန်းတွင် ကုန်ကားတစီးပေါ်မှ ဘင်္ဂါလီ၂၁ ဦး ဖမ်းမိ
Donate to DVB

ညောင်တုန်းမြို့နယ် ဆားမလောက်မှာ မနေ့ မွန်းလွဲပိုင်းက တရားမ၀င် ဘင်္ဂါလီ ၂၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်မှာ ကုန်ကားတစီးကို သတင်းအရ စစ်ဆေးရာမှာ ကုန်ကားနောက်မှာ ဘင်္ဂါလီ ၂၁ ဦးအား သိုဝှက် တင်ဆောင်လာတာတွေ့ရလို့ ယာဉ်မောင်း အပါအဝင် ပွဲစားလို့ ယူဆရသူတဦးတို့ကို ဖမ်းဆီးပြီး ဆားမလောက်စခန်းမှာ စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

ကနဦးစစ်ချက်အရ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကနေ ပွဲစားကတဆင့် ဂွ -ငါးသိုင်းချောင်း ဘက်နေ ရန်ကုန်ကို သွားဖို့ ထွက်လာကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘင်္ဂါလီ ၂၁ ဦးကို လဝက ဥပဒေနဲ့ အရေးယူဖို့ရှိသလို ခေါ်ဆောင်လာသူတွေကိုလည်း ရာဇသတ်ကြီးဥပဒေအရ အရေးယူသွားမယ်လို့ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးနေတဲ့ ဘင်္ဂါလီ ၂၁ ဦးမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေး ၃ ဦးဖြစ်ပါတယ်။ ဆားမလောက်နဲ့ ရေနံမြေလမ်းဆုံကြားမှာ ရန်ကုန်ကလာခေါ်မယ့် ကားနဲ့ချိန်းဖို့ လုပ်နေတာတွေ့ရှိလို့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရန်ကုန်ကလာကြိုတဲ့ ကားကိုတော့ မမိခဲ့ဘူးလို့ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးက ဒီဗွီဘီကို ပြောပါတယ်။

ဘဂါင်္လီတွေကို စစ်ဆေးတဲ့အခါမှာ  ပွဲစားကို တယောက် ၁၀ သိန်းခွဲ ပေးပြီး လာရတာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးက ပြောပါတယ်။

သတင်း - သော်ဇင်မျိုး

ဓာတ်ပုံ - Ni Ni Moe (Facebook)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013