DVB Logo
Home
မြန်မာသတင်း
တပ်မတော်နှင့်ကေအိုင်အေ တိုက်ပွဲကြောင့် အရပ်သားများလုံခြုံရေး ကုလစိုးရိမ်
DVB
·
February 3, 2018
တပ်မတော်နှင့်ကေအိုင်အေ တိုက်ပွဲကြောင့် အရပ်သားများလုံခြုံရေး ကုလစိုးရိမ်
Donate to DVB

မြန်မာတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက ဆွမ်ပရာဘွမ်၊ ဝိုင်းမော်နဲ့ တနိုင်းမြို့နယ်တွေထဲမှာ ဇန်နဝါရီလ ၁၉ နေ့ကတည်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေ လက်နက်ကိုင်တပ်တို့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ တဖြည်းဖြည်း ကျယ်ပြန့်ပြင်းထန်လာတာကြောင့် အဲ့ဒီနယ်မြေတွေထဲ ရှိနေကြတဲ့ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကုလသမဂ္ဂနဲ့ ကုလ လူသားချင်းစာနာမှုအဖွဲ့က အထူးစိုးရိမ်ပူပန်ပါတယ်လို့ သောကြာနေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကြေညာထုတ်ပြန် ပြောကြားလိုက်တာပါ။

တနိုင်းနယ်မြေမှာ ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက တိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့ သတင်းတွေလည်း  ထုတ်ပြန်ထားပါတယ်။

လတ်တလောဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တနိုင်းဒေသကနေ အလုပ်သမားတွေ အများစုပါဝင်တဲ့ လူပေါင်း ၁၈၀၀ လောက် ထွက်ပြေးလာသလို တိုက်ပွဲတွေကြား ရောက်နေပြီး မထွက်ခွာလာနိုင်သေးတဲ့ တခြားအရပ်သားတွေလည်း ကျန်ရှိနေသေးကြောင်း အကူအညီပေးရေးအဖွဲ့တွေက ပြောတယ်လို့ ကုလအစီရင်ခံစာက ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဆွမ်ပရာဘွမ်မြို့နယ်ထဲက စစ်ရှောင်ဒုက္ခသည်စခန်း အနီးမှာ မော်တာဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ဒုက္ခသည် ၅၀၀ လောက်နဲ့ ရွာသားတွေအပါအဝင် ထွက်ပြေးလာတဲ့ လူပေါင်း ၇၀၀ ကျော်ဟာ တောထဲမှာ တိမ်းရှောင်နေထိုင်ခဲ့ကြရပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်ထဲက ခိုလှုံရေးစခန်းအနီးမှာပဲ မော်တာဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ကုလဝန်ထမ်းတွေကတော့ အဲ့ဒီနေရာတွေကို သွားရောက်ခွင့် မရသေးသလို ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013