DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် တရားမ၀င် သစ်ခွဲစက်လုပ်ငန်းကို ဖမ်းဆီး
DVB
·
February 3, 2018
ယင်းမာပင်တွင် တရားမ၀င် သစ်ခွဲစက်လုပ်ငန်းကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆင်စွယ်-ဝါးရုံသွားလမ်းဘေးက ဦးညွန့်ဝင်းဆိုသူ ပိုင်ဆိုင်တဲ့ တောပြင်ခြံဝင်းအတွင်း ခွင့်ပြုချက်မရှိဘဲ သစ်ခွဲစက်လုပ်ငန်း လည်ပတ်နေတဲ့အတွက် တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

"ဖုန်းသတင်းရထားတာတော့ ကြာပါပြီ။ ဆင်စွယ်မှာ သစ်စက်ကြီးကြီးမားမား လုပ်ကိုင်နေတယ်ဆိုတဲ့သတင်းပေါ့။ ခုက ကျေးလက်လမ်းခင်းတာစစ်ရင်းနဲ့ လမ်းဘေးမှာ စက်သံကြီးက ဆူနေတာ။ ဖမ်းဆီးရမယ့်တာဝန်က ရဲနှင့်သစ်တောလေ။ သူတို့ကပါမလာဘူး။ အဲဒါနဲ့ ရဲ၊ သစ်တောတို့ကို အကြောင်းကြားလိုက်တာပေါ့။ ကျမတို့မြို့နယ်မှာတော့ တရားမဝင် သစ်လုပ်ကိုင်နေတာတွေက သတင်းပေးတာတွေအရတော့ အများကြီးပဲ။ သက်သေသက်ကာယနဲ့ မဖမ်းနိုင်တာကြောင့်မို့သာ။ ကျမကိုယ်တိုင်ကြုံတာတောင် အခုကောဆို ၃ ကြိမ်ရှိပြီ" လို့ ဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ ကျွန်းသစ်၊ ပျဉ်းကတိုးသစ်၊ အင်ကြင်းသစ်၊ ထောက်ကြံ့သစ်၊ ကြို့သားသစ် စတဲ့ သစ်လုံး ၁၀ လုံးကျော်၊ ၄ မြှောင့်တုံးတွေနှင့် သစ်မျိုးစုံခွဲသား၊ သစ်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ သစ်မျိုးအားလုံး စုစုပေါင်း ၅.၆၆၀၄ တန်ရှိပြီး ကာလတန်ဖိုးအားဖြင့် ၁၁ သိန်း ၂ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားမဝင်သစ်စက်လုပ်ငန်း လုပ်ကိုင်သူ ညွန့်ဝင်း (၄၅နှစ်) ဆိုသူကို ယင်းမာပင်မြို့မရဲစခန်းက သစ်တောဥပဒေအရ အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013