DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကုလ တောင်းဆို
DVB
·
February 3, 2018
ရိုက်တာသတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကုလ တောင်းဆို
Donate to DVB

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ဆိုးဆိုးရွားရွား ပွတ်တိုက်မှုရှိနေကြောင်း သတိပေးချက်တခုလည်းဖြစ်တယ်လို့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရူးပါ့တ် ကိုလ်ဗေးလ်က သတင်းထောက်တွေကို ပြောသွားတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့က ရိုက်တာစ်သတင်းထောက် ၂ ယောက်ကို တရားရုံးက အယူခံငြင်းပယ်လိုက်လို့ အလွန်ကို စိတ်မကောင်းဖြစ်ရပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုတယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ဝလုံးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စွပ်စွဲထားပေမယ့် သူတို့ ၂ ယောက်ဟာ ရဲဝန်ထမ်းတွေက ဖိတ်ကြားလို့ သွားရောက်ခြင်းသာဖြစ်ပြီး သူတို့ကို ပေးလိုက်တဲ့ စာရွက်စာတမ်းတွေထဲက အချက်အလက်တွေဟာလည်း လူသိရှင်ကြား ဖြစ်ပြီးသားတွေပါလို့လည်း ရူးပါ့တ်က ပြောပါတယ်။ နောက်တကြိမ် ရုံးချိန်းက ဖေဖော်ဝါရီ ၆ ရက်နေ့ ဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013