DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၁ ဦး ဆောက်လုပ်ရေးငြမ်းစင် ပြုတ်ကျသေဆုံး
DVB
·
February 3, 2018
ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၁ ဦး ဆောက်လုပ်ရေးငြမ်းစင် ပြုတ်ကျသေဆုံး
Donate to DVB

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့ ဘန်မတ်အုပ်စု ရက်ကွက် ၁ ထဲမှာဒီကနေ့ မနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုဖြစ်ပြီး သေဆုံးသွားပါတယ်။

သေဆုံးသူမှာ အသက် ၂၄ နှစ်ရွယ်ရှိ ကိုဇော်ဇော်အောင်ဆိုသူ BCDC ဆောက်လုပ်ရေး ကုမ္ပဏီက အလုပ်သမားတဦးဖြစ်ပြီး ဖေဖော်ဝရီ ၂ရက် မနက် ၁၀ နာရီကျော်က ဆောက်လက်စတိုက်ရဲ့ ငြမ်းစင်ပေါ်ကနေပြုတ်ကျခဲ့တာလို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ( ယာယီဖျက်သိမ်း ) ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ချွန်းဖွန်းမှာ မြန်မာအလုပ်သမားတယောက် တိုက်ပေါ်က သံငြမ်းပေါ်ကနေ ပြုတ်ကျ တယ်လို့  သူ့အသိတယောက်က ကျနော်တို့ဆီကို လှမ်းအကြောင်းကြားလာပါတယ်ခင်ဗျ၊   သူက အမ်အိုယူ လက်မှတ်နဲ့လာတော့ အရင်ဆုံး သူ့ကိုလွှတ်လိုက်တဲ့ အလုပ်သမား အေဂျင်စီကို ဆက်သွယ်တာမရလို့တဲ့။ ကျနော်တို့လည်း  မြန်မာသံရုံးက အလုပ်သမား အရာရှိကို ဆက်ပြီးအကြောင်းကြားပေးတယ်။ သံရုံးကနေ အေဂျင်စီကို ဆက်ပေးမယ်လို့ ပြောတယ်။  သေဆုံးသူ မိဘဆွေမျိုးတွေ အကြောင်းကြားဖို့နဲ့  လုပ်ငန်းခွင်မတော်တဆ ထိခိုက်သေဆုံးမှု နစ်နာကြေးတွေ ရဖို့ပေါ့။”

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အလုပ်သမားတဦးဟာ အခုလို လုပ်ငန်းခွင်မှာ မတော်တဆလုပ်ကိုင်ရင်း သေဆုံးသွားရင် နစ်နာကြေးအနေနဲ့ လူမှုရေးအာမခံဌာနကနေ ဘတ် ၄ သိန်း ရရှိမှာဖြစ်ပါတယ်။

သေဆုံးသူ ကိုဇော်ဇော်အောင်မှာ ပဲခူးတိုင်း က၀မြို့နယ် ကဓာတ်စိန်ကျေးရွာက ဦးရွှေဝင်း နဲ့ ဒေါ်မြင့်မြင့်ခင်တို့ရဲ့ သားဖြစ်ပြီး  သတင်းကြားသိတယ်ဆိုရင် အေအေစီမဟာမိတ်အဖွဲ့ ဖုန်းနံပါတ် + ၆၆ ၈၅ ၃၄၁ ၅၆၁၁ သို့ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013