DVB Logo
Home
မြန်မာသတင်း
လူအစုလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် သင်္ချိုင်းကျင်း ၅ နေရာ တွေ့ရှိမှု အမေရိကန် စိုးရိမ်
DVB
·
February 2, 2018
လူအစုလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် သင်္ချိုင်းကျင်း ၅ နေရာ တွေ့ရှိမှု အမေရိကန် စိုးရိမ်
Donate to DVB

ရခိုင်ပြည်နယ်မှာ လူတွေအစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာတွေကိုထပ်ပြီး တွေ့ရှိတယ်ဆိုတဲ့ သတင်းအသစ်တွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

လူတွေအစုလိုက်အပြုံလိုက်ကို သတ်ဖြတ် မြှုပ်နှံထားတဲ့ သင်္ချိုင်းကျင်း ၅ နေရာကို ဂူတပြင်ကျေးရွာမှာတွေ့ရှိရတယ်ဆိုပြီး အေပီသတင်းဌာနက  ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ  အသက်ရှင်လွတ်မြောက်လာသူတွေကို တွေ့ဆုံမေးမြန်းချက်တွေကနေ တဆင့် သတင်း ထုတ်ပြန်ထားတာပါ။

အမေရိကန် အစိုးရအနေနဲ့ ဒီကိစ္စကို အထူးဂရုစိုက် စောင့်ကြည့်နေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားညှင်းပန်းနှိပ်စက်မှုတွေအပေါ် တာဝန်ရှိသူတွေက တာဝန်ယူ၊ တာဝန်ခံမှု သေချာလုပ်ဆောင်စေဖို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရအမျိုးသမီး ဟီသာနော့ဝပ်က  မနေ့က ပုံမှန်သတင်းရှင်းလင်းပွဲမှာပြောပါတယ်။

အခုကိစ္စမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေအပေါ် လွတ်လပ်ပြီး ယုံကြည်နိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာ အာဏာပိုင်တွေနဲ့ စုံစမ်းစစ်ဆေးသူတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အမြန်လိုအပ်နေပြီလို့လည်း ဟီသာနော့ဝပ်က ပြောဆိုသွားပါတယ်

“မှုခင်းပညာရှင်တွေရဲ့အကူအညီနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ရင် ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ ပုံဖော်မှုကို မြင်နိုင်တာပေါ့။ အဲ့ဒီနေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ကမ္ဘာကြီးက တိတိကျကျ သိဖို့လိုအပ်နေတယ်”လို့ ဟီသာနော့ဝပ်က ပြောပါတယ်။

အဆိုပါ လူတွေသတ်ပြီးမြှုပ်နှံထားတဲ့ သင်္ချိုင်းကျင်း ၅ နေရာတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့  မြန်မာအစိုးရက  တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိ သေးပါဘူး။

မကြာသေးခင်ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ရွာက သုဿာန်မှာ အမည်မသိအလောင်း ၁၀ လောင်း တွေ့ရှိတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒာင်းဒင်ရွာဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ၊ မရှိ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ပြီး  လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်လို့ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013