DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 2, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၃,၇၈၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၈၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ မတ်ပဲ အသစ် ၁ အိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၇၈၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၄၁,၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အသစ် ၁ အိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီး ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ကနေ ငွေကျပ် ၁၃၀,၀၀၀ ပေါက်ဈေးပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၂၉,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁.၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၆,၀၀၀ ကျပ်ကနေ ၁၀၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၁,၂၅၀ ကျပ်ကနေ ၁၀၃,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၄,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၆၉၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၄၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၇,၄၈၅ ကျပ်ကနေ ၂၉,၁၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၉,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြပါ သီးနှံတွေထဲက ပဲကြီးကတော့ ဈေးကျဆင်းသွားပါတယ်။ ပဲအသစ်တွေ ဈေးကွက်ထဲကို မဝင်သေးတဲ့အတွက် ပဲလက်ကျန်တွေက အရောင်းအဝယ်နည်းပြီး ဈေးက ကျဆင်းသွားတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးငြိမ်နေခဲ့ရာမှ ဒီတပတ်မှာတော့ ဈေးက ကျဆင်းသွားခဲ့တာဖြစ်ပြီး ၁ တင်းကို ၃၀,၀၀၀ နီးပါးအထိ ဈေးက ကျဆင်းသွားပါတယ်။

ပဲကြီးက တခြားပဲတွေထက် ဈေးအမြင့်ဆုံးရရှိနေတဲ့ ပဲဖြစ်ပြီး ပြည်တွင်းက အဓိကဝယ်ယူတဲ့ ပဲလည်း ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013