DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ကို လာရန် အချိန်မတန်သေးဟု ကုလလုံခြုံရေးကောင်စီကို အစိုးရပြော
DVB
·
February 2, 2018
မြန်မာပြည်ကို လာရန် အချိန်မတန်သေးဟု ကုလလုံခြုံရေးကောင်စီကို အစိုးရပြော
Donate to DVB

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အခုနှစ် ဖေဖော်ဝါရီလအတွင်း သွားရောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ခရီးစဉ် မဖြစ်တော့ဘူးလို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

အချိန်မတန်သေးလို့ ခုလအတွင်း မလာရောက်ဖို့ မြန်မာဘက်က  ပြောထားတာဖြစ်ပြီး ဒီခရီးစဉ်နဲ့ပတ်သက်လို့ လုံးဝပယ်ချခဲ့ခြင်းတော့ မရှိဘူးလို့   လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ကူဝိတ်နိုင်ငံ သံအမတ်ကြီး မန်ဆောအယာယာဒ့် အလ်အိုတိုင်ဘိုင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

“ ဖေဖော်ဝါရီလမှာ သွားဖို့ မဖြစ်တော့ပါဘူး။ နောက်ပိုင်းကျရင်တော့ လုံခြုံရေးကောင်စီ တခြားအဖွဲ့ဝင်နိုင်ငံတွေက စီစဉ်ကောင်းစီစဉ်ပါလိမ့်မယ်။ လာမယ့် မတ်လ ဒါမှမဟုတ် ဧပြီလလောက်မှာ ဖြစ်နိုင်ပါတယ်” လို့ ကူဝိတ်သံအမတ်ကြီးက ပြောပါတယ်။

လတ်လော သံတမန်တွေ ရခိုင်ပြည်နယ်ကို သွားဖို့ မြန်မာအစိုးရက စီစဉ်နေတဲ့ အကြောင်းနဲ့ ခုချိန် ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ များလာနေတယ်လို့ မြန်မာ အာဏာပိုင်တွေက အကြောင်းပြချက်ပေးတဲ့အကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်အင်အား အလွန်အကျွံ အသုံးပြုတာတွေရပ်ဖို့၊ မီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့နဲ့  လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေအပေါ်ကို စိုးရိမ်တဲ့ အကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း - ရိုက်တာ

ဓာတ်ပုံ - UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013